Monday, November 26, 2012

Windows ပေါ်က Lock ဖြစ်နေတဲ့ ဖိုင်တွေကို ဘယ်လိုဖျက်ကြမလဲ

Windows အသုံးပြုသူတွေ Windows ပေါ်မှာ ဖိုင်အချို့ မပြည့်စုံတော့မှုကြောင့်သော်လည်းကောင်း သို့မဟုတ် Background Process မှာ Run နေတဲ့ဖိုင်အချို့ကို ဖျက်ပစ်ချင်တဲ့အခါမှာ Lock ဖိုင်များ ဖြစ်သွားတဲ့အတွက် ဖျက်ပစ်လို့မရတာမျိုးကို ကြုံရမှာဖြစ်ပါတယ်။ Lock ဖြစ်သွားတဲ့ ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေအတွက် အလွယ်တကူနဲ့ဖျက်နိုင်အောင် အသုံးပြုရမယ့် Tool များစွာရှိပါတယ်။ယခုတစ်ပတ်မှာတော့ Windows ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် Lock ဖြစ်နေတဲ့ဖိုင်တွေကို ဖျက်ချင်သူတွေအတွက် ဘယ်လိုဖျက်ရမယ်ဆိုတာကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။ Unlocker ဆိုတဲ့ Application ကို www.emptyloop.com/unlocker/ ဆိုတဲ့ဝက်ဘ်ဆိုက်မှာ အရင်ဦးဆုံး Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Unlocker ကို Download ပြုလုပ်ပြီးပြီဆိုရင် အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ Install ပြုလုပ်ပြီးပြီဆိုရင် သင်ဖျက်ချင်တဲ့ဖိုင်ကို Right Click နှိပ်ရမှာဖြစ်ပါတယ်။ Right Click ပြုလုပ်ပြီးပြီဆိုရင် Unlocker ဆိုတာကို Popup Menu မှာ တွေ့ရမှာဖြစ်ပါတယ်။ Popup မှာပါတဲ့ Unlocker ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Unlocker ဆိုတာကို ရွေးချယ်လိုက်ရင် Process List ကိုဖော်ပြပေးမယ့် Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ သက်ဆိုင်ရာ Application ကို အရင်ဆုံး Unlock ပြုလုပ်ရမှာဖြစ်ပါတယ်။ Unlock ပြုလုပ်ရာမှာလည်း Application တွေအကုန်လုံးကို Unlock ပြုလုပ်မလား၊ တစ်ခုချင်းစီကို Unlock ပြုလုပ်မလားဆိုတာ ရွေးချယ်နိုင်မှာဖြစ်သလို၊ Processor အတွင်းမှာ Run နေတဲ့ Application တွေကိုလည်း Kill Process ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးပြီဆိုရင်တော့ သင်ဖျက်ချင်တဲ့ဖိုင်ကို Delete Key နှိပ်ပြီး အလွယ်တကူနဲ့ ဖျက်ပစ်နိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်နည်းတစ်မျိုးကတော့ Process Explorer ဆိုတဲ့ Tool ကိုအသုံးပြုပြီး ဖျက်ပစ်ခြင်းပဲဖြစ်ပါတယ်။ Processor Explorer ကို http://technet.microsoft.com/enca/sysinternals/bb896653.aspx ဆိုတဲ့ ၀က်ဘ်ဆိုက်လိပ်စာမှာ ရယူနိုင်မှာဖြစ်ပါတယ်။ Process Explorer ကို Install ပြုလုပ်ပြီးပြီဆိုရင် File ထဲက Show Detail For All Process ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Show Detail For All Process ကိုရွေးချယ်ပြီးရင် သင်ဖျက်မယ့်ဖိုင်နဲ့ သက်ဆိုင်တဲ့ Application ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ပြီးပြီဆိုရင် ဖိုင် ကို Select မှတ်ပြီး Right Click နှိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် Close Handle ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင်ဖျက်ချင်တဲ့ဖိုင်ကို Delete Key နှိပ်ပြီး ဖျက်နိုင်မှာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ Lock ဖိုင်တွေကို ဖျက်ပစ်တဲ့ Tool တွေကို ရယူဖို့ အခက်အခဲရှိသူတွေအတွက် ပထမဆုံးကွန်ပျူတာကို Restart ချရမှာ ဖြစ်ပါတယ်။ စက်ပြန်တက်လာရင် F8 Key ကိုနှိပ်ပြီး Safe Mode ကနေ Windows ကိုတက်ရမှာဖြစ်ပါတယ်။ Safe Mode နဲ့တက်ပြီဆိုရင် သင်ဖျက်ချင်တဲ့ဖိုင်ကို Select မှတ်ပြီး အလွယ်တကူ ဖျက်နိုင်မှာဖြစ်ပါတယ်။

Read more...

Friday, October 19, 2012

ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ

(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။

(၂) အတင်းပြောသောမိန်းမ
BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃) စကားများသောမိန်းမ
ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။

(၅) အနေအထိုင်မတတ်သောမိန်းမ
အနေအထိုင်မတတ်သော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ
အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ
Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ
ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ
မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

Read more...

မြန်မာတို့ရဲ့ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

Read more...

Window 7 Run Command

Conrtol Pane

Control Panel = control
Action Center = wscui.cpl
Autoplay = control.exe /name Microsoft.autoplay
Backup and Restore = sdclt
Create a System Repair disc = recdisc
BDE Administrator = bdeadmin.cpl
Color Management = colorcpl
Credential Manager = control.exe /name Microsoft.CredentialManager
Credential Manager Stored User Names and Passwords = credwiz
Date and Time Properties = timedate.cpl
Default Programs = control.exe /name Microsoft.DefaultPrograms
Set Program Access and Computer Defaults = control appwiz.cpl,,3 or ComputerDefaults
Devices and Printers = control printers
Devices and Printers Add a Device = DevicePairingWizard
Display = dpiscaling
Screen Resolution = desk.cpl
Display Color Calibration = dccw
Cleartype Text Tuner = cttune
Folders Options = control folders
Fonts = control fonts
Getting Started = GettingStarted
HomeGroup = control.exe /name Microsoft.HomeGroup
Indexing Options = control.exe /name Microsoft.IndexingOptions
Internet Properties = inetcpl.cpl
Keyboard = control keyboard
Location and Other Sensors = control.exe /name Microsoft.LocationandOtherSensors
Location Notifications = LocationNotifications
Mouse = control mouse or main.cpl
Network and Sharing Center = control.exe /name Microsoft.NetworkandSharingCenter
Network Connections = control netconnections or ncpa.cpl
Notification Area Icons = control.exe /name Microsoft.NotificationAreaIcons
Parental Controls = control.exe /name Microsoft.ParentalControls
Performance Information = control.exe /name Microsoft.PerformanceInformationandTools
Personalization = control desktop
Windows Color and Appearance = control color
Phone and Modem Options = telephon.cpl
Power Configuration = powercfg.cpl
Programs and Features = appwiz.cpl or control appwiz.cpl
Optional Features Manager = optionalfeatures or control appwiz.cpl,,2
Recovery = control.exe /name Microsoft.Recovery
Regional and Language = intl.cpl RemoteApp = control.exe /name Microsoft.RemoteAppandDesktopConnections
Sound = mmsys.cpl
Volume Mixer = sndvol
System Properties = sysdm.cpl or Windows logo key + Pause/Break
SP ComputerName Tab = SystemPropertiesComputerName
SP Hardware Tab = SystemPropertiesHardware
SP Advanced Tab = SystemPropertiesAdvanced
SP Performance = SystemPropertiesPerformance
SP Data Execution Prevention = SystemPropertiesDataExecutionPrevention
SP Protection Tab = SystemPropertiesProtection
SP Remote Tab = SystemPropertiesRemote
Windows Activation = slui
Windows Activation Phone Numbers = slui 4
Taskbar and Start Menu = control.exe /name Microsoft.TaskbarandStartMenu
Troubleshooting = control.exe /name Microsoft.Troubleshooting
User Accounts = control.exe /name Microsoft.UserAccounts
User Account Control Settings = UserAccountControlSettings
User Accounts Windows 2000/domain version = netplwiz or control userpasswords2
Encryption File System = rekeywiz
Windows Anytime Upgrade = WindowsAnytimeUpgradeui
Windows Anytime Upgrade Results = WindowsAnytimeUpgradeResults
Windows CardSpace = control.exe /name Microsoft.cardspace
Windows Firewall = firewall.cpl
WindowsSideshow = control.exe /name Microsoft.WindowsSideshow
Windows Update App Manager = wuapp

Administrative Tools

Administrative Tools = control admintools
Authorization Manager = azman.msc
Component Services = dcomcnfg
Certificate Manager = certmgr.msc
Direct X Troubleshooter = dxdiag
Display Languages = lpksetup
ODBC Data Source Administrator = odbcad32
File Signature Verification Tool = sigverif
Group Policy Editor = gpedit.msc
Add Hardware Wizard = hdwwiz.cpl
iSCSI Initiator = iscsicpl
Iexpress Wizard = iexpress
Local Security Settings = secpol.msc
Microsoft Support Diagnostic Tool = msdt
Microsoft Management Console = mmc
Print management = printmanagement.msc
Printer User Interface = printui
Problems Steps Recorder = psr
People Near Me = p2phost
Registry Editor = regedit or regedt32
Resoure Monitor = resmon
System Configuration Utility = msconfig
Resultant Set of Policy = rsop.msc
SQL Server Client Configuration = cliconfg
Task Manager = taskmgr
Trusted Platform Module = tpm.msc
TPM Security Hardware = TpmInit
Windows Remote Assistance = msra
Windows Share Folder Creation Wizard = shrpubw
Windows Standalong Update Manager = wusa
Windows System Security Tool = syskey
Windows Script Host Settings = wscript
Windows Version = winver
Windows Firewall with Advanced Security = wf.msc
Windows Memory Diagnostic = MdSched
Windows Malicious Removal Tool = mrt


Accessories

Calculator = calc
Command Prompt = cmd
Connect to a Network Projector = NetProj
Presentation Settings = PresentationSettings
Connect to a Projector = displayswitch or Windows logo key + P
Notepad = notepad
Microsoft Paint = mspaint.exe
Remote Desktop Connection = mstsc
Run = Windows logo key + R
Snipping Tool = snippingtool
Sound Recorder = soundrecorder
Sticky Note = StikyNot
Sync Center = mobsync
Windows Mobility Center (Only on Laptops) = mblctr or Windows logo key + X
Windows Explorer = explorer or Windows logo key + E
Wordpad = write
Ease of Access Center = utilman or Windows logo key + U
Magnifier = magnify
Narrator = Narrator
On Screen Keyboard = osk
Private Character Editor = eudcedit
Character Map = charmap
Ditilizer Calibration Tool = tabcal
Disk Cleanup Utility = cleanmgr
Defragment User Interface = dfrgui
Internet Explorer = iexplore
Rating System = ticrf
Internet Explorer (No Add-ons) = iexplore -extoff
Internet Explorer (No Home) = iexplore about:blank
Phone Dialer = dialer
Printer Migration = PrintBrmUi
System Information = msinfo32
System Restore = rstrui
Windows Easy Transfer = migwiz
Windows Media Player = wmplayer
Windows Media Player DVD Player = dvdplay
Windows Fax and Scan Cover Page Editor = fxscover
Windows Fax and Scan = wfs
Windows Image Acquisition = wiaacmgr
Windows PowerShell ISE = powershell_ise
Windows PowerShell = powershell
XPS Viewer = xpsrchvw
Open Documents folder = documents
Open Pictures folder = pictures
Open Music folder = music
Open Videos folder = videos
Open Downloads folder = downloads
Open Favorites folder = favorites
Open Recent folder = recent
Logs out of Windows = logoff
Locks User Account = Windows logo Key + L


Computer Management

Computer Management = compmgmt.msc or CompMgmtLauncher
Task Scheduler = control schedtasks
Event Viewer = eventvwr.msc
Shared Folders/MMC = fsmgmt.msc
Local Users and Groups = lusrmgr.msc
Performance Monitor = perfmon.msc
Device Manager = devmgmt.msc
Disk Management = diskmgmt.msc
Services = services.msc
Windows Management Infrastructure = wmimgmt.msc

Read more...

Tuesday, June 15, 2010

Bios password ပိတ်ခဲ့ရင်

အကိုတစ်ယောက်က bios password ဖွင့်လို့ရတဲ့ software မေးတာတွေ့မိလို့ပါ။ jamper ချိုးရင်ချိုး (mother board ပေါ်မှာ jamper ဆိုတာရှိပါတယ်။board manual မှာကြည့်နိုင်ပါတယ်။) တကယ့်လို့ jamper မသိခဲ့ရင်တော့ board ပေါ်မှာ cmos battery(နာရီဓါတ်ခဲပုံလေး) ကိုဖြုတ်ပြီး power ဖွင့်လိုက်ရင် password reset ဖြစ်သွားပါတယ်။

PC မှာအဆင်ပြေပေမယ့် laptop မှာဆိုရင်တော့တော်တော်လေးကသီမှာပါ။ အောက်မှာဖော်ပြထားတဲ့ key လေးတွေက bios အတွက်master password for all bios ပေါ့ဗျာ။စမ်းကြည့်ပါ။ အဆင်ပြေလောက်ပါတယ်။Casing ကြီးဖွင့်ပြီး battery ဖြုတ်ရတဲ့ဒုက္ခတော့ကင်းတာပေါ့ဗျာ။ အဆင်ပြေနိုင်ကြပါစေ။
System/BIOS Manufacturer Known master passwords
Advanced Integration Advance
AMI BIOS 589589 A.M.I. aammii AM AMI AMI_SW AMI!SW AMI?SW AMI.KEY ami.key AMI.KEZ ami.kez AMI~ AMIAMI AMIDECOD AMIPSWD amipswd AMISETUP bios310 BIOSPASS CMOSPWD helgaßs HEWITT RAND KILLCMOS
AmpTRon Polrty
AST SnuFG5
Award BIOS ?award 013222222 13222222 1EAAh 256256 589589 589721 admin alfarome aLLy aPAf award award_? award.sw award sw award_ps AWARD_PW AWARD_SW AWARD SW awkward BIOS bios* biosstar biostar CONCAT condo CONDO CONDO, djonet efmukl g6PJ h6BB HELGA-S HEWITT RAND HLT j09F j256 j262 j322 j64 lkw peter lkwpeter LKWPETER PASSWORD SER setup SKY_FOX SW_AWARD SWITCHES_SW Sxyz SZYX t0ch20x t0ch88 TTPTHA ttptha TzqF wodj ZAAADA zbaaaca zjaaadc
Biostar Biostar Q54arwms
Compaq Compaq
Concord last
CTX International CTX_123
CyberMax Congress
Daewoo Daewuu
Daytek Daytec
Dell (some) Dell
Digital Equipment (DEC) komprie
Enox xo11nE
Epox cenTRal
Freetech Posterie
Hewlett-Packard (VecTRa) hewlpack
IBM IBM MBIUO merlin sertafu
IWill iwill
Jetway spooml
Joss Technology 57gbzb technolgi
Leading Edge MASTER
M Technology mMmM
MachSpeed sp99dd
Magic-Pro prost
Megastar star
Micron sldkj754 xyzall
Micronics dn_04rjc
Nimble xdfk9874t3
Packard Bell bell9
Phoenix phoenix
QDI QDI
Quantex teX1 xljlbj (or: x1jlbj)
Research Co12ogro2
RM (Server BIOS) RM
Shuttle (Spacewalker) Spacve
Siemens-Nixdorf SKY_FOX
SpeedEasy lesarot1
SuperMicro ksdjfg934t
Tinys tiny
TMC BIGO
Toshiba Toshiba 24Banc81 toshy99
VexTRec VexTRex
Vobis merlin
Zenith 3098z Zenith
ZEOS

zeosx

Read more...

Saturday, May 22, 2010

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်မျာ:

၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့
Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။
၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။
တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။
၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။
ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။
၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့
Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။
၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့
Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။
၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့
Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။
You might also like:

Read more...

Friday, May 14, 2010

ဒီနေရာလေးမှာ downloading site တွေမျှဝေရအောင်ဗျာ

egydown.com/ ( software တော်တော်များများကို downloading sites နဲ့ချိတ်ပေးတယ်။)
filehippo.com ( freeware တွေရှိပါတယ်။တော်တော်လေးကိုကောင်းပါတယ်။)
pendriveapps.com ( portable တွေအတွက်ပါ)
teachtutorials.com
http://portableappz.blogspot.com/ ( ဒါလည်း portable ပါပဲ )
filetube.com ( premium software တော်တော်များများရယူနိုင်ပါတယ် )
megadownload.net ( mega upload ကတင်ရင် mega download ကပြန်ယူမယ် )
rapidlibary.com ( rapid share က software တွေပါ )
4share.com ( သူလည်းတော်တော်စုံတယ် )
http://4megaupload.com/ ( ဒါလည်း mega upload က software တွေပါ )
filefactory.com ( သူလည်းမိုက်ပါတယ်။ )
rapid8.com ( rapid share က file တွေအလကားယူလို့ရတယ်နော် )
http://www.oldapps.com/ ( ဒါကတော့ old software တွေအတွက်ပါ ။ )
softpedia.com (ဒါကလည်းတော်တော်စုံတယ်နော် )

ဒါတွေက full version တွေရပါတယ်။ဒါပေမဲ့ ban ထားတော့ကျော်ဝင်မှရမယ်ဗျ။ ကျော်ဖို့အတွက် https://www.polysolve.com
dl4all.com
katz.cd
softarchive.net
downarchive.com
centralddl.com
softlinkers.org

နောက်ထပ် freeware လေးတွေပါ။
http://www.bjb-inc.com/products.asp (Remove on boot Shell Extension)
http://www.geekcorp.com/products.php
http://www.nirsoft.net/
http://www.bullzip.com/

Read more...

Friday, March 19, 2010

ကောသလမင်း အိပ်မက် ၁၆ ချက်

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

Read more...

Tuesday, March 16, 2010

Mozilla Firefox ရဲ့ Web Page Loading မြန်အောင်

https://addons.mozilla.org/en-US/firefox/addon/327
ကို ဒေါင်းပြီး Mozilla Firefox မှာတင်လိုက်။
ပြီး Tool > Tweak Network Setting မှာ
Profile ကို Power ရွေးပြီး Apply လုပ်လိုက်။
Web Page Loading မြန်သွားလိမ့်မယ်။

Read more...

Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။
XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 200 လို့ပြောင်းပေးလိုက်ပါ..။
ကျနော်ကတော့ 200 လို့ပဲပြောင်းထားပါတယ်..။
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

Read more...

Monday, February 8, 2010

loginbox Social Network.

ဒီစာကို Select ပေးပြီးရေးပါ...

Read more...

Saturday, February 6, 2010

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D

Read more...

websites links

တေးဂီတဆိုင်ရာ website များ
1. http://beemp3.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
2. www.bamarlay.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
3. www.irazoo.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
4. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
5. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
6. http://music.all-channel.com ((မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
7. www.alinyaung.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
8. www.flashband.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
9. www.myanmar-music.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
10. http://myanmarmp3album.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
11. www.emusic.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
12. www.thewiplist.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
13. www.mp3raid.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
14. www.pansagar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
15. www.airmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
16. www.thanakha.com
17. www.innwa.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
18. www.nyakabyar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
19. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
20. www.ainmat.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
21. www.lotaya.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
22. www.myanmarmusiconline.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
23. http://myanmarmp3.net
24. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)

အခမဲ့ရနိုင်သော E-mail များ

1. www.emailaccount.com (Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်)
2. www.gawab.com (Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail ဖြစ်သည်)
3. www.inbox.com (သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)
4. www.hotmail.com (Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)
5. www.mail.com (အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကိုရရှိသုံးစွဲနိုင်သည်)
6. www.myway.com (အလှဆုံးသောပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှု ဖြစ်သည်)
7. www.dora.com (၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)
8. http://mail.yahoo.com (အတန်အသင့် နာမည်ရှိသော yahoo mail ဖြစ်သည်)
9. www.eudora.com (နာမည်တော့ရှိပါတယ် မြန်မာပရိသတ်နည်းပါတယ်)
10. www.30gigs.net (အခမဲ့ 30GB ရရှိနိုင်သော မေးလ် ၀န်ဆောင်မှုဖြစ်သည်)



ကျွန်တော်တို့ မြန်မာပရိသတ်တွေဟာ တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။
ဒါပေမယ် အခြားရှာဖွေရေးအင်ဂျင်အသစ်တွေပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။ တစ်ချို့ ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊ အချို့ဆိုရင် သာတယ်လို့တောင်ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……
1. www.goodsearch.com
2. www.kumo.com
3. www.WolframAlpha.com
4. www.clusty.com
5. www.dogpile.com
6. www.bing.com
7. www.altavista.com
8. www.ask.com
9. www.lycos.com
10. www.webcrawler.com
11. www.cuil.com
12. www.yahoo.com
13. www.ixquick.com
14. www.msn.com
15. www.alltheweb.com
16. www.excite.com
စသည်တို့ပဲဖြစ်ပါတယ်
စမ်းသပ်သုံးစွဲကြည့်ကြပါလို့ အကြံပြုပါရစေ။

ကွန်ပျူတာပညာရပ်များ

1. www.thelinuxlab.net
www.lpi.org (Linux စနစ်ကိုလေ့လာနိုင်ရန်ဖြစ်သည်။ စာမေးပွဲများ အကြောင်းလည်ပါရှိသည်)
2. www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်)
3. www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်)
4. www.asia-oss.net (Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင်သည်)
5. www.databasejournal.com (Database သီးသန့်စုစည်းထားသည်။ အလွယ်တကူသင်ယူနိုင်သည်)
6. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်)
7. www.fstutorials.com
www.psdfreebee.com (Photoshop နည်းပညာကို စလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်)
8. www.educational-software.com (ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်သည်)
9. www.educationalsoftware.co.uk (ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်)
10. www.okino.com (ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်)

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ
1. www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
2. www.shareme.com (ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာရရှိနိုင်သည်)
3. www.learningpage.com (ဘာသာရပ်အတော်စုံပါသည်။ လူလတ်ပိုင်းများလေ့လာသင့်သည်)
4. www.myanmarnlp.org.mm ( အင်္ဂလိပ်မှ မြန်မာသို ဘာသာပြန်ဆိုနိုင်သည့် ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ ရယူနိုင်သည်)
5. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)
6. www.commerce-database.com (စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော အဘိဓါန်ဖြစ်သည်)
7. www.computerweekly.com (နည်းပညာဆိုင်ရာ သတင်းစုံဖော်ပြထားသည်)
8. http://knowfree.net (စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်)
9. www.fixya.com ( အလွန်ကောင်းပါသည် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက်ပြင်ဆင်နည်း၊ အသုံးပြုနည်းများ အတော်စုံလင်ပါသည်)
10. www.universalclass.com (အွန်လိုင်းပေါ်မှ အဝေးရောက်သင်ယူနိုင်သောတက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့် တိုက်ရိုက်သင်ယူနိုင်သည်)
11. www.houseofplant.co.uk (အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်)

Read more...

Saturday, December 12, 2009

Windows XP ကို ပိုမိုမြန်ဆန်စေရန် လုပ်နည်း

လုပ်ဆောင်ရန် အမှတ် ၁
မလိုအပ်သော Start-Up Program များကိုပိတ်ခြင်း
ကျွန်တော်တို့ Program တစ်ခုကို Install လုပ်ပြီးတဲ့အခါတိုင်းမှာ တစ်ချို့သော Program များဟာ ကိုယ်စေခိုင်းထားခြင်းမရှိဘဲနဲ့ Windows တက်တာနဲ့ သူလဲလိုက်ပြီး Run ပါတော့တယ်။ အဲဒီလို Program မျိုး ၅ ခုလောက်တင်လိုက်ရင်ပဲ သင့်စက် အတက် သူများစက်နဲ့မတူဘဲ ကြာပါတော့တယ်။
တကယ်လိုအပ်ရင်တော့တစ်မျိုးပေါ့နော်၊ အခု လိုလို မလိုလို အလိုလိုတက်လာတော့ စက်ပိုလေးတော့တာပေါ့။
ဖြုတ်ပုံဖြုတ်နည်းကတော့
၁။ run ကိုခေါ်ပါ ( Windows Key နှင့် R ကိုတွဲနှိပ်၍ ခေါ်နိုင်ပါတယ်)
၂။ msconfig ဟုရိုက်ပါ
၃။ Start Up ဆိုသော Tab ကိုရွေးပါ
၎။ ကိုယ်အသုံးမလိုသော Program များကို အမှန်ခြစ်ဖြုတ်ပေးပါ။ ဥပမာ Gtalk, Yahoo Messenger နှင့် အခြားသော ကိုယ်လိုမှဖွင့် မယ့် Program များပေါ့။ သိပ်တော့စိတ်ပူစရာမရှိပါဘူး၊ Antivirus ကလွဲပြီး ကျန်တာအကုန်ဖြုတ်ပေါ့။ ပြီးရင် Restart ချလိုက်ပေါ့၊ ကိုယ်သုံးမယ့် Program တက်မလာရင် အဲဒါလေးကို ပြန်ပြီး အမှန်ခြစ်ပေးလိုက်ပေါ့နော်။

လုပ်ဆောင်ရန် အမှတ် ၂
Vista ရဲ့ Graphical Effects ကြောင့် စက်လေးစေသလိုပဲ XP ရဲ့ Graphical Effects ကြောင့်စက်ကိုလေးစေပါတယ် (Vista လောက်တော့မဆိုးပါဘူး)။ ဒါကြောင့် XP ရဲ့ Graphical Effects ကို မသိမသာလေး ပိတ်လိုက်ကြရအောင်ဗျာ။
၁။ Control Panel ထဲကိုဝင်ပါ
၂။ System Icon ပေါ်မှာ Double Click လုပ်ပါ
၃။ Advance Tab ကိုရွေး
၎။ Performance Box မှာ Settings ကိုရွေး
၅။ Visual Effects ဆိုတဲ့ Tab မှာ ကျွန်တော် အောက်မှာ ရေးထားတာလေးတွေပဲ ချန်ပြီးတော့ ကျန်တာတွေရဲ့ အမှန်ခြစ်တွေ ဖြုတ်ပေးလိုက်ပါဗျာ (မသိမသာလေး လျှော့တာပေါ့ဗျာနော် )
Show shadows under menus
Show translucent selection rectangle
Use drop shadows for icons labels on the desktop
Use visual styles on windows and buttons
၆။ ပြီးရင် Apply နှိပ်၊ OK ထပ်နှိပ်ပေါ့။

လုပ်ဆောင်ရန် အမှတ် ၃
Speed-Up File Browsing ဟဲဟဲဟဲ
မိတ်ဆွေတို့ My Computer ကို Double Click လုပ်တဲ့ အခါတိုင်းမှာ အနည်းငယ် လေးပြီးမှတက်လာတာကို ကြုံကြမှာပါ ( အလွန် Performance ကောင်းတဲ့ စက်တွေကလွဲလို့ပေါ့)။
ဒါဟာ ဘာကြောင့်လဲဆိုရင် Windows Explorer ကိုမိတ်ဆွေဖွင့်လိုက်တဲ့ အချိန်တိုင်းမှာ Windows XP ဟာ Network Files တွေ Printer တွေကို အလိုအလျောက်ရှာနေလို့ပဲ ဖြစ်ပါတယ်။
၁။ Control Panel ကိုသွား
၂။ Folder Options ကိုရွေး
၃။ View Tab ကိုရွေး
၎။ Automatically search for network folders and
printers ရဲ့အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။
၅။ Apply ပြီးတော့ OK ပြီးရင် စက်ကို Restart လုပ်ပေးလိုက်ပါ။

လုပ်ဆောင်ရန် အမှတ် ၎
Page File Size ကိုလျှော့ချရအောင်နော်
တကယ်လို့ မိတ်ဆွေမှာ 512MB အောက် RAM ပဲရှိတယ်ဆိုရင်တော့ ဒီစာကိုကျော်သွားလိုက်ပါ။
Default အားဖြင့်ဆိုရပါက Page File Size သည် ပုံသေမဟုတ်ပေ၊ Windows သည်လိုအပ်လျှင် လိုအပ်သလို Page File Size ကိုပြောင်းလဲနေသည်။ ထိုသို့ ပြောင်းနေခြင်းကပင် စက်ကိုလေးစေပြန်ပါသည် (Counter Effect လို့ပဲပြောရမလားမသိပါဘူးဗျာ နော် .... )
၁။ My Computer ကို Right Click နှိပ်၍ Properties ကိုသွားပါ
၂။ Advance Tab ကိုသွား၊ Settings ကို Click လုပ်၍ Performance Section အောက်တွင် Advance Tab ကိုထပ်မံ Click လုပ်ပါ
၃။ Virtual Memory အောက်တွင် Change ကိုနှိပ်ပေးပါ
၎။ Drive C ကိုရွေးပေးပါ
၅။ Custom Size ကိုရွေးပါပါအုံးနော်
၆။ Initial Size နှင့် Maximum Size ကို တန်ဖိုးတူအောင် ထားပါ။
၇။ ပြီးတော့ OK ကိုနှိပ်ပေးလိုက်ပေါ့နော်။

Read more...

Sunday, November 22, 2009

Gtalk နဲ့ ဟန်းဖုန်းကိုခေါ်ကြမယ်

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်
အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

Read more...

Portable လုပ်ချင်သူတွေအတွက်ပါ

ကိုယ်တိုင် Portable လုပ်ချင်သူတွေအတွက်ပါ။ မသိသေးတဲ့သူများအတွက်သာ.Winrar နဲ့လုပ်တဲ့နည်းလေးပါဗျာ။ တော်တော်လွယ်ပါတယ်.အရင်ဆုံး portable လုပ်မယ့် program ကိုစက်ထဲ installလုပ်လိုက်ရပါတယ်။Portable လုပ်မယ့် program ရဲ့ Folder လိုက်ကို Desktop ပေါ် အရင် Copy ကူးလိုက်ပါ။ပြီးရင် အကုန် Select လုပ်ပြီး compress with winrar ဆိုပြီး rar file တစ်ခုလုပ်ပါ။ခုဏက select လုပ်ပြီး rar file လုပ်ထားတဲ့ file တွေကိုဖျက်လိုက်ပါ။ Rar file ကို double click လုပ်ပါ။SFX ကိုရွေးပေးပါ။ ပြီးရင် Advanced SFX options ကိုနှိပ် Create in the current folder ကိုရွေး run after extraction ဆိုတဲ့ box မှာ portable လုပ်ချင်တဲ့ program ရဲ့ exe file name ကို ရိုက်ထည့်ပေးပါ။ပြီးရင် modes tab ထဲ ကိုသွား unpack to temporary folder ရဲ့ box ကို အမှန်ခြစ်ပေးပါ။ Silent mode မှာ Hide all ကိုရွေးပေးပါ။ပြီးရင်တော့ ok နှစ်ခါ နှိပ်ထွက်လိုက်ပါ။ စမ်းကြည့်လိုက်ပါ......

Read more...

Redirecting Application Data in Windows XP

သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

Read more...

Internet connection ချိတ်ဆက်ပုံ အမျိုးအစား

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....

Dail-UP Connection
(အိမ်မှာအလွယ်ကူအသုံးပြုနိုင်ပါတယ်..လွယ်လွယ်နဲ့တပ်ဆင်နိုင်ပါတယ်.စရိတ်လည်းသက်သာပါတယ်..connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်.ဖုန်းလိုင်းကြပ်ရင် အသုံးပြုရတာ နှေးလာပါတယ်..အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
(အရမ်းဝေးတဲ့နေရာများအတွက်အသုံးပြုသင့်တဲ့connectionပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး.ဖုန်းလိုင်းအနေနဲ့သုံးနိုင်ပါတယ်.ဖုန်းလေးလုံးနီးပါးလောက်ကိုတစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ.ဒါပေမယ့် နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး.အသစ်တွေ လက်မခံပဲ အ၇င်ကတည်းက ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်.ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး အသုံးပြုနိုင်ပါတယ်upload.download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်.အခွန်ဆောင်ရတာနဲ့တန်အောင်အသုံးပြုလို့၇ပါတယ်.အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload.download လုပ်နိုင်ပါတယ်.)

ADSL Broadband Connection
(ADSLConnectionဆိုတာဒီကောင့်ကနေ ခွဲထွက်လာတာပါ..အားလုံးလည်းသိကြမှာပါ..လူသိများပါတယ်အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ..အင်တာနက်ကို dialing လုပ်စရာမလိုပဲအသုံးပြုနိုင်တယ်..ဖုန်းလိုင်းမရှိလည်း ဖုန်းလိုင်းနဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်.ဖုန်းလိုင်းကောအင်တာနက်ကော၂ခုလုံးကိုတစ်ပြိုင်တည်းသုံလို့ရပါတယ်.speedလည်းမြန်ပါတယ်.VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
(နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင် အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုးအစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့ wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Kinds of Internet connection

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....
Dail-UP Connection
(အိမ်မှာအလွယ်ကူ အသုံးပြုနိုင်ပါတယ်..လွယ်လွယ် နဲ့တပ်ဆင်နိုင်ပါတယ်...စရိတ်လည်းသက်သာပါတယ်.......
connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်...ဖုန်းလိုင်းကြပ်ရင် အသုံး
ပြုရတာ နှေးလာပါတယ်...အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
( အရမ်းဝေးတဲ့ နေရာများအတွက် အသုံးပြုသင့်တဲ့ connection ပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး...
ဖုန်းလိုင်း အနေနဲ့ သုံးနိုင်ပါတယ်...ဖုန်းလေးလုံးနီးပါးလောက်ကို တစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်
အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ....ဒါပေမယ့်
နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.....စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး....အသစ်တွေ လက်မခံပဲ အ၇င်ကတည်း
က ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်....ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး
အသုံးပြုနိုင်ပါတယ် upload ...download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်...အခွန်ဆောင်ရတာနဲ့
တန်အောင် အသုံးပြုလို့၇ပါတယ်...အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload....download လုပ်
နိုင်ပါတယ်...)

ADSL Broadband Connection
( ADSL Connection ဆိုတာ ဒီကောင့်ကနေ ခွဲထွက်လာတာပါ....အားလုံး လည်း သိကြမှာပါ..လူသိများပါတယ်
အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ...အင်တာနက်ကို dialing လုပ်စရာမလိုပဲ အသုံးပြုနိုင်တယ်..ဖုန်းလိုင်းမ
ရှိလည်း ဖုန်းလိုင်း နဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်..ဖုန်းလိုင်းကော အင်တာနက်ကော ၂ ခုလုံးကို
တစ်ပြိုင်တည်းသုံလို့ရပါတယ်... speed လည်းမြန်ပါတယ်...VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
( နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ
အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax
connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင်
အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုး
အစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ
ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့
wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု
ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေ
ရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Cafezee ကို Hack လုပ်ကြမယ်.

အရင်ဆုံး C:\windows\system32 ထဲက client.pra နဲ့ client2.pra ဆိုတဲ့ file နှစ် file ကို copy ကူးလိုက်ပါ... ပြီးရင်အဲဒီ file နှစ် file ကို msaccess (Microsoft Access) နဲ့ဖွင့်လိုက်ပါ....တစ်ဖိုင်ချင်းကိုဖွင့်ပါ...
password လာတောင်းလိမ့်မယ်...[vanarp117] လို့ရိုက်ထည့်လိုက်ပါ..(လေးထောင့်ကွင်းတွေမပါဘူးနော်).....
ပွင့်သွားရင်...control ထဲကိုဝင်ပြီးတော့ Admin Password ကို ဖျက်လိုက်ပါ...သူက encrypt လုပ်ထားတယ်...
decrypt မလုပ်နဲ့...အချိန်တွေကြာတယ်...တစ်ဆိုင်နဲ့တစ်ဆိုင်လဲတူတာမဟုတ်ဘူး...နှစ်ဖိုင်လုံးကိုလုပ်ပေးပါ...
ပြီးရင် taskmgr (Windows Task Manager) ကိုဖွင့်ပြီး Explorer .exe ကို End Process လုပ်ပေးပါ...
ပြီးရင် အဲဒီပြင်ထားတဲ့ ဖိုင်နှစ်ဖိုင်ကို copy ကူးပြီးတော့ သူ့ရဲ့မူရင်း folder ထဲကိုပြန်ထည့်ပေးပါ...
"အထဲမှာနာမည်တူဖိုင်ရှိနေပါတယ်..အဲဒီဖိုင်ပေါ်ကို overwrite လုပ်မလား"လို့မေးလိမ့်မယ်...ဖိုင်နှစ်ဖိုင်ဖြစ်တဲ့အတွက် yes to all လုပ်ပေးလိုက်ပါ...ပြီးရင် Cafezee ကိုပြန် run ပေးပါ...
သူ့ရဲ့ Admin Option ထဲကိုဝင်လိုက်ရင် password လာတောင်းလိမ့်မယ်..ကျွန်တော်တို့ password ကိုဖျက်ထားခဲ့တဲ့အတွက် ဘာမှမရိုက်ပဲ OK လုပ်ပေးလိုက်ပါ...သူ့ရဲ့ Admin ထဲဝင်သွးပါပြီ...
Admin Option ထဲမှာ ခင်ဗျားရဲ့ ဘယ်ဘက်ထောင့်မှာ Adjustment ဆိုတာကို click လုပ်ပေးလိုက်ပါ...အဲဒီထဲမှာ (သူ့ရဲ့ Label တော့မေ့သွားပြီ) Text Box 2 ခုရှိတယ်...အောက်က Text Box က comment ..အပေါ်က Text Box မှာ ခင်ဗျားလျှော့ချင်တာကိုလျှော့ပါ..
(ပိုက်ဆံနဲ့သုံးတာဆိုရင် ပိုက်ဆံကိုလျှော့ပါ...1000 ရှိပြီဆိုရင် 1000 ထိပဲရမယ်နော်..Negative လက်မခံပါဘူး....)
(Member ဆိုရင်တော့ သုံးထားတဲ့ နာရီထက်ပိုပြီးလျှော့လို့မရပါဘူး..13း0 သုံးထားတယ်ဆိုရင် မိနစ်ကိုးဆယ်ထက်ပိုပြီးလျှော့လို့မရပါဘူး)
ကိုယ်လျှော့ချင်တာလျှော့ပြီးရင်တော့ ညာဘက်ထောင့်ဆုံးမှာ close session ကို click လုပ်ပေးလိုက်ပါ...
(လျှော့ပြီးတော့ continue ကို click လုပ်မယ်ဆိုရင် ဘာမှမထူးဘူးနော်)

Cafezee ကို End Task လုပ်တာရယ်...ပြင်ပြီးတဲ့ဖိုင်ကို C:\windows\system32\ ထဲကိုပြန်ထည့်တာရယ်...
Cafezee ကို ပြန် Run တာရယ်ကို 5 စက္ကန့်လောက်အတွင်း လုပ်နိုင်ရင် ပိုကောင်းပါတယ်...Cafezee က Server ကို
5 စက္ကန့်လောက်ကို တစ်ကြိမ် Capture ပြန်ပို့ပါတယ်...(ဒါကတော့ Server ကပေးတဲ့ security နဲ့ဆိုင်ပါတယ်)

Access Password ဘယ်ကရလဲဆိုတော့ Password Recovery Kit နဲ့ကြည့်တာပါ...
အဲဒီထဲမှာ Access Password Recovery ဆိုတာပါပါတယ်.....

အကယ်၍ taskmgr ပိတ်ထားခဲ့ရင် Process Explorer နဲ့ End Process လုပ်ပါ..
Process Explorer download Link ကဒီမှာပါ...
http://www.download.sysinternals.com/Files/ProcessExplorer.zip
Process Explorer သုံးမယ်ဆိုရင် End Process မဟုတ်ပါဘူး..Kill Process ပါ..
End Process မှာ explorer ချင်းမမှားပါစေနဲ့...
windows explorer က [explorer.exe] ပါ
Cafezee က [Explorer .exe] ပါ
အခုမှစလုပ်သူများ အခက်အခဲရှိရင် Taskmgr ထဲက Application ထဲမှာ Explorer ကို Right Click ထောက်ပြီး
Goto Process ကို click လုပ်ပါ..ပြီးရင် သူ Select လုပ်ပေးထားတာကိုပဲ End Process လုပ်ပေးလိုက်ပါ..


အားလုံးအဆင်ပြေကြပါစေ...

Read more...

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.