Sunday, November 22, 2009

Redirecting Application Data in Windows XP

သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

Read more...

Internet connection ချိတ်ဆက်ပုံ အမျိုးအစား

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....

Dail-UP Connection
(အိမ်မှာအလွယ်ကူအသုံးပြုနိုင်ပါတယ်..လွယ်လွယ်နဲ့တပ်ဆင်နိုင်ပါတယ်.စရိတ်လည်းသက်သာပါတယ်..connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်.ဖုန်းလိုင်းကြပ်ရင် အသုံးပြုရတာ နှေးလာပါတယ်..အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
(အရမ်းဝေးတဲ့နေရာများအတွက်အသုံးပြုသင့်တဲ့connectionပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး.ဖုန်းလိုင်းအနေနဲ့သုံးနိုင်ပါတယ်.ဖုန်းလေးလုံးနီးပါးလောက်ကိုတစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ.ဒါပေမယ့် နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး.အသစ်တွေ လက်မခံပဲ အ၇င်ကတည်းက ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်.ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး အသုံးပြုနိုင်ပါတယ်upload.download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်.အခွန်ဆောင်ရတာနဲ့တန်အောင်အသုံးပြုလို့၇ပါတယ်.အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload.download လုပ်နိုင်ပါတယ်.)

ADSL Broadband Connection
(ADSLConnectionဆိုတာဒီကောင့်ကနေ ခွဲထွက်လာတာပါ..အားလုံးလည်းသိကြမှာပါ..လူသိများပါတယ်အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ..အင်တာနက်ကို dialing လုပ်စရာမလိုပဲအသုံးပြုနိုင်တယ်..ဖုန်းလိုင်းမရှိလည်း ဖုန်းလိုင်းနဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်.ဖုန်းလိုင်းကောအင်တာနက်ကော၂ခုလုံးကိုတစ်ပြိုင်တည်းသုံလို့ရပါတယ်.speedလည်းမြန်ပါတယ်.VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
(နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင် အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုးအစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့ wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Kinds of Internet connection

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....
Dail-UP Connection
(အိမ်မှာအလွယ်ကူ အသုံးပြုနိုင်ပါတယ်..လွယ်လွယ် နဲ့တပ်ဆင်နိုင်ပါတယ်...စရိတ်လည်းသက်သာပါတယ်.......
connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်...ဖုန်းလိုင်းကြပ်ရင် အသုံး
ပြုရတာ နှေးလာပါတယ်...အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
( အရမ်းဝေးတဲ့ နေရာများအတွက် အသုံးပြုသင့်တဲ့ connection ပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး...
ဖုန်းလိုင်း အနေနဲ့ သုံးနိုင်ပါတယ်...ဖုန်းလေးလုံးနီးပါးလောက်ကို တစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်
အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ....ဒါပေမယ့်
နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.....စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး....အသစ်တွေ လက်မခံပဲ အ၇င်ကတည်း
က ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်....ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး
အသုံးပြုနိုင်ပါတယ် upload ...download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်...အခွန်ဆောင်ရတာနဲ့
တန်အောင် အသုံးပြုလို့၇ပါတယ်...အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload....download လုပ်
နိုင်ပါတယ်...)

ADSL Broadband Connection
( ADSL Connection ဆိုတာ ဒီကောင့်ကနေ ခွဲထွက်လာတာပါ....အားလုံး လည်း သိကြမှာပါ..လူသိများပါတယ်
အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ...အင်တာနက်ကို dialing လုပ်စရာမလိုပဲ အသုံးပြုနိုင်တယ်..ဖုန်းလိုင်းမ
ရှိလည်း ဖုန်းလိုင်း နဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်..ဖုန်းလိုင်းကော အင်တာနက်ကော ၂ ခုလုံးကို
တစ်ပြိုင်တည်းသုံလို့ရပါတယ်... speed လည်းမြန်ပါတယ်...VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
( နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ
အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax
connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင်
အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုး
အစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ
ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့
wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု
ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေ
ရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.