တက်လိုက်ကျလိုက်ဖြစ်နေတဲ့ Internet Connection ကို ဆော့ဝဲလ်လေး သုံးပြီးထိန်းကြည့် ရအောင်
Speed Connect Internet Accelerator 7.5
မနက်ဖြန်မှာ ကျရောက်မဲ့ နှစ်သစ်အခါ သမယနဲ့ အတူ အိမ်တွင်းပုန်းပြီး ကွန်ပြူတာလေ့လာမယ်ဆိုတဲ့  သူငယ်ချင်းလေးများအတွက် ဆော့ ဝဲလ်ကောင်းလေး တစ်ခု အချိန်မှီ ဝေမျှလိုက်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဒေါင်းပြီး အသုံးပြုပုံလေးကို ကြည့်လိုက်နော်။Connection အတွက် Internet Tool တွေ အများကြီး သုံးခဲ့ဘူးတယ်။ သိသိသာသာ ကောင်းလာမှာ မဟုတ်ဘူးဆိုတာတော့ သိပါတယ်။ ဘာလို့လဲ ဆိုတော့ Connection ဆိုတာက Software နဲ့ ဘယ်လောက်များ ကယ်နိုင်မှာမို့လဲ ။ဒါပေမယ့် တက်လိုက်ကျလိုက်နဲ့ Time out ခဏခဏ ဖြစ်နေတာကိုတော့ ထိန်းပေးနိုင်တယ်ဆိုရင်တော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရမယ်လေ။ အရင်ထဲက သူငယ်ချင်းတွေ တောင်းလို့ Proxie Fire ကို ပေးသုံးကြည့်ဘူးတယ်။ Wifi နဲ့ကျတော့ အဲဒါတွေ လိုတယ်လေ။ အခုလည်း နိုင်ငံခြား ဖုန်းခေါ်ဖို့အတွက် Yahoo ကိုသုံးပါတယ်။ ကွန်က မငြိမ်တော့ ကြီးကျယ်တဲ့ yahoo က ခဏခဏ Sign out ဖြစ်ဖြစ်သွားတယ်လေ။ ဒီကောင်လေးကတော့ Connection အရမ်းကြီးကောင်းမလာရင်တောင် ငြိမ်အောင်တော့ ထိန်းပေးနိုင်ပါလိမ့်မယ်ထင်တယ်။အခုလို ရေးတယ်ဆိုရင်တော့ နားလည်မယ် ထင်ပါတယ်။Full Version ဖြစ်အောာင် လုပ်နည်းနဲ့ သုံးနည်းကိုလည်း ရေးပေးထားပါတယ်။ အောက်မှာ ဆွဲလိုက်ပါဦးဗျာ ....
ကျနော် ပြောဖို့ ကျန်ခဲ့တယ်။ ဒီ software ကို သုံးဖို့ Netframe 2.0 နှင့်အထက် လိုပါတယ်။ တကယ်လို့ netframe run ပြီးသားဖြစ်မနေခဲ့ရင် ဒီ software သုံးရမှာ မဟုတ်ပါဘူး။
Netframe 2.0 ကို အောက်ကလင့် မှာ ဒေါင်းနိုင်ပါတယ်။
http://www.microsoft.com/downloads/details.aspx?familyid=0856eacb-4...
C:\Program Files\CBS Software\SpeedConnect Internet Accelerator
ကျွန်တော်သူငယ်ချင်း တစ်ယောက်ဆီမှ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးခြင်းသာဖြစ်ပါသည်။
မူရင်းကိုကြည့်ရူလိုလျှင် http://thanlonengal.co.cc/ မှာ ကြည့်ရူနိုင်ပါသည်။ကွန်ပြူတာ အသိပညာ တိုးတက်စေရန် ရည်ရွယ်ပြီး ဒီပို့လေးတင်ပေးရခြင်းဖြစ်ပါသည်။(ပို့စ်လေးကိုဖတ်ရူရင်း ဗဟုသုတ ရရှိနိုင်ကြပါစေဗျာ။)

- Attachments:
Post a Comment