Sunday, November 22, 2009

Gtalk နဲ့ ဟန်းဖုန်းကိုခေါ်ကြမယ်

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို
အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ
အတွက်တော့ဝမ်းနည်းပါတယ်
အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

Read more...

Portable လုပ်ချင်သူတွေအတွက်ပါ

ကိုယ်တိုင် Portable လုပ်ချင်သူတွေအတွက်ပါ။ မသိသေးတဲ့သူများအတွက်သာ.Winrar နဲ့လုပ်တဲ့နည်းလေးပါဗျာ။ တော်တော်လွယ်ပါတယ်.အရင်ဆုံး portable လုပ်မယ့် program ကိုစက်ထဲ installလုပ်လိုက်ရပါတယ်။Portable လုပ်မယ့် program ရဲ့ Folder လိုက်ကို Desktop ပေါ် အရင် Copy ကူးလိုက်ပါ။ပြီးရင် အကုန် Select လုပ်ပြီး compress with winrar ဆိုပြီး rar file တစ်ခုလုပ်ပါ။ခုဏက select လုပ်ပြီး rar file လုပ်ထားတဲ့ file တွေကိုဖျက်လိုက်ပါ။ Rar file ကို double click လုပ်ပါ။SFX ကိုရွေးပေးပါ။ ပြီးရင် Advanced SFX options ကိုနှိပ် Create in the current folder ကိုရွေး run after extraction ဆိုတဲ့ box မှာ portable လုပ်ချင်တဲ့ program ရဲ့ exe file name ကို ရိုက်ထည့်ပေးပါ။ပြီးရင် modes tab ထဲ ကိုသွား unpack to temporary folder ရဲ့ box ကို အမှန်ခြစ်ပေးပါ။ Silent mode မှာ Hide all ကိုရွေးပေးပါ။ပြီးရင်တော့ ok နှစ်ခါ နှိပ်ထွက်လိုက်ပါ။ စမ်းကြည့်လိုက်ပါ......

Read more...

Redirecting Application Data in Windows XP

သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

Read more...

Internet connection ချိတ်ဆက်ပုံ အမျိုးအစား

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....

Dail-UP Connection
(အိမ်မှာအလွယ်ကူအသုံးပြုနိုင်ပါတယ်..လွယ်လွယ်နဲ့တပ်ဆင်နိုင်ပါတယ်.စရိတ်လည်းသက်သာပါတယ်..connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်.ဖုန်းလိုင်းကြပ်ရင် အသုံးပြုရတာ နှေးလာပါတယ်..အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
(အရမ်းဝေးတဲ့နေရာများအတွက်အသုံးပြုသင့်တဲ့connectionပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး.ဖုန်းလိုင်းအနေနဲ့သုံးနိုင်ပါတယ်.ဖုန်းလေးလုံးနီးပါးလောက်ကိုတစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ.ဒါပေမယ့် နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး.အသစ်တွေ လက်မခံပဲ အ၇င်ကတည်းက ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်.ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး အသုံးပြုနိုင်ပါတယ်upload.download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်.အခွန်ဆောင်ရတာနဲ့တန်အောင်အသုံးပြုလို့၇ပါတယ်.အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload.download လုပ်နိုင်ပါတယ်.)

ADSL Broadband Connection
(ADSLConnectionဆိုတာဒီကောင့်ကနေ ခွဲထွက်လာတာပါ..အားလုံးလည်းသိကြမှာပါ..လူသိများပါတယ်အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ..အင်တာနက်ကို dialing လုပ်စရာမလိုပဲအသုံးပြုနိုင်တယ်..ဖုန်းလိုင်းမရှိလည်း ဖုန်းလိုင်းနဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်.ဖုန်းလိုင်းကောအင်တာနက်ကော၂ခုလုံးကိုတစ်ပြိုင်တည်းသုံလို့ရပါတယ်.speedလည်းမြန်ပါတယ်.VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
(နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင် အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုးအစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့ wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Kinds of Internet connection

ကျွန်တော် သိသလောက် internet connection ချိတ်ဆက်ပုံ အမျိုးအစားလေးတွေ နဲ့ မိတ်ဆက်ပါရစေ....
Dail-UP Connection
(အိမ်မှာအလွယ်ကူ အသုံးပြုနိုင်ပါတယ်..လွယ်လွယ် နဲ့တပ်ဆင်နိုင်ပါတယ်...စရိတ်လည်းသက်သာပါတယ်.......
connection speed ကတော့ KBPS လောက်ပဲ ရပြီး ဖုန်းလိုင်း နဲ့ အသုံးပြုရပါတယ်...ဖုန်းလိုင်းကြပ်ရင် အသုံး
ပြုရတာ နှေးလာပါတယ်...အင်တာနက်သုံးနေရင် ဖုန်းပြောလို့မရပါဘူး)

iPSTAR Broadband Connection
( အရမ်းဝေးတဲ့ နေရာများအတွက် အသုံးပြုသင့်တဲ့ connection ပါ..တယ်လီဖုန်းကြိုးလိုင်းမလိုပါဘူး...
ဖုန်းလိုင်း အနေနဲ့ သုံးနိုင်ပါတယ်...ဖုန်းလေးလုံးနီးပါးလောက်ကို တစ်ပြိုင်နက်တည်းသုံးနိုင်ပါတယ်..အင်တာနက်
အသုံးပြုနိုင်တဲ့အတွက် အလွန်ဝေးကွာတဲ့ ဒေသ များတွင် တပ်ဆင်သင့်တဲ့ အမျိုးအစားပါ....ဒါပေမယ့်
နည်းပညာ မြင့်တဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်များကို သွားပြရပါတယ်.....စရိတ်စကလည်း နည်းနည်းကြီးပါတယ်)

Broadband Wireless Local Loop
(အရင်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်းတော့သိပ်အသုံးမပြု ကြပါဘူး....အသစ်တွေ လက်မခံပဲ အ၇င်ကတည်း
က ၀ယ်ယူထားတဲ့ user တွေကိုပဲ ဆက်ပြီး service ပေးပါတယ်....ကွန်နက်ရှင် အ၇မ်းကောင်းပြီး အချိန်မေ၇ွး
အသုံးပြုနိုင်ပါတယ် upload ...download များကို မြန်မြန် စွမ်းဆောင်ပေးနိုင်ပါတယ်...အခွန်ဆောင်ရတာနဲ့
တန်အောင် အသုံးပြုလို့၇ပါတယ်...အချက်အလက်များကို MB ကန့်သတ်ချက်မ၇ှိပဲ upload....download လုပ်
နိုင်ပါတယ်...)

ADSL Broadband Connection
( ADSL Connection ဆိုတာ ဒီကောင့်ကနေ ခွဲထွက်လာတာပါ....အားလုံး လည်း သိကြမှာပါ..လူသိများပါတယ်
အသုံးပြု သင့်တဲ့ ကွန်နက်၇ှင် တစ်ခုပါ...အင်တာနက်ကို dialing လုပ်စရာမလိုပဲ အသုံးပြုနိုင်တယ်..ဖုန်းလိုင်းမ
ရှိလည်း ဖုန်းလိုင်း နဲ့တခါတည်းလျှောက်ထားပြီးသုံးနိုင်ပါတယ်..ဖုန်းလိုင်းကော အင်တာနက်ကော ၂ ခုလုံးကို
တစ်ပြိုင်တည်းသုံလို့ရပါတယ်... speed လည်းမြန်ပါတယ်...VOIP ဖုန်းနဲ့လည်းအသုံးပြုနိုင်ပါတယ်..)

WIMAX connection
( နောက်ပိုင်းကျမှ ခေတ်စားလာတဲ့ နည်းပညာ အသစ် လို့ သိရှိရပါတယ်..ကြိုးမဲ့ဆက်သွယ် မှုပါ...နည်းပညာ
အသစ်တွေနဲ့ပေါင်းစပ်ထားပါတယ်....ဖုန်းလိုင်း မလိုပါဘူး... WI -FI နဲ့ သူ့ရဲ့ ကွာခြားချက်ကတော့ wimax
connection ဆိုတာ မိုင် ၂၀..၃၀ အကွာအဝေး ၀န်းကျင်လောက်ထိကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကွန်နက်၇ှင်
အမျိုးအစားတစ်ခုပါ...)

Wi-Fi Wireless Connection
(wireless network connection အမျိုးအစား ဖြစ်ပါတယ်...cable connection တွေကို ကျော်တက်မယ့်အမျိုး
အစားဆိုလည်းမမှားပါဘူး.... ရေဒီယို signal တွေကို အသုံးပြုတာဖြစ်ပါတယ်... wi-fi ကွန်နက်ရှင် ဆိုတာ
ဟိုတယ်...လေဆိပ်...ကုမ္မဏီ တွေ အဆောက်အအုံ တွေမှာ အသုံးပြုကြတာဖြစ်ပါတယ်....ဒီအချက်ကတော့
wi max နဲ့ကွာခြားချက်တစ်ခုပဲ ဆိုပါတော့....)

အရင်ကတော့ (MPT:ministry of post and telecommunication) နဲ့ Bagan NET တို့က ၀န်ဆောင်မှု
ပေးကြပြီး ...အခုနောက်ပိုင်းတော့ သေချာမသိပါဘူး...(MyanTel) ဆိုပြီးတော့ ISP အားလုံးကို နေရာတစ်နေ
ရာကနေ စီမံဆောင်ရွက်တယ်လို့ သိရှိရပါတယ်...

Read more...

Cafezee ကို Hack လုပ်ကြမယ်.

အရင်ဆုံး C:\windows\system32 ထဲက client.pra နဲ့ client2.pra ဆိုတဲ့ file နှစ် file ကို copy ကူးလိုက်ပါ... ပြီးရင်အဲဒီ file နှစ် file ကို msaccess (Microsoft Access) နဲ့ဖွင့်လိုက်ပါ....တစ်ဖိုင်ချင်းကိုဖွင့်ပါ...
password လာတောင်းလိမ့်မယ်...[vanarp117] လို့ရိုက်ထည့်လိုက်ပါ..(လေးထောင့်ကွင်းတွေမပါဘူးနော်).....
ပွင့်သွားရင်...control ထဲကိုဝင်ပြီးတော့ Admin Password ကို ဖျက်လိုက်ပါ...သူက encrypt လုပ်ထားတယ်...
decrypt မလုပ်နဲ့...အချိန်တွေကြာတယ်...တစ်ဆိုင်နဲ့တစ်ဆိုင်လဲတူတာမဟုတ်ဘူး...နှစ်ဖိုင်လုံးကိုလုပ်ပေးပါ...
ပြီးရင် taskmgr (Windows Task Manager) ကိုဖွင့်ပြီး Explorer .exe ကို End Process လုပ်ပေးပါ...
ပြီးရင် အဲဒီပြင်ထားတဲ့ ဖိုင်နှစ်ဖိုင်ကို copy ကူးပြီးတော့ သူ့ရဲ့မူရင်း folder ထဲကိုပြန်ထည့်ပေးပါ...
"အထဲမှာနာမည်တူဖိုင်ရှိနေပါတယ်..အဲဒီဖိုင်ပေါ်ကို overwrite လုပ်မလား"လို့မေးလိမ့်မယ်...ဖိုင်နှစ်ဖိုင်ဖြစ်တဲ့အတွက် yes to all လုပ်ပေးလိုက်ပါ...ပြီးရင် Cafezee ကိုပြန် run ပေးပါ...
သူ့ရဲ့ Admin Option ထဲကိုဝင်လိုက်ရင် password လာတောင်းလိမ့်မယ်..ကျွန်တော်တို့ password ကိုဖျက်ထားခဲ့တဲ့အတွက် ဘာမှမရိုက်ပဲ OK လုပ်ပေးလိုက်ပါ...သူ့ရဲ့ Admin ထဲဝင်သွးပါပြီ...
Admin Option ထဲမှာ ခင်ဗျားရဲ့ ဘယ်ဘက်ထောင့်မှာ Adjustment ဆိုတာကို click လုပ်ပေးလိုက်ပါ...အဲဒီထဲမှာ (သူ့ရဲ့ Label တော့မေ့သွားပြီ) Text Box 2 ခုရှိတယ်...အောက်က Text Box က comment ..အပေါ်က Text Box မှာ ခင်ဗျားလျှော့ချင်တာကိုလျှော့ပါ..
(ပိုက်ဆံနဲ့သုံးတာဆိုရင် ပိုက်ဆံကိုလျှော့ပါ...1000 ရှိပြီဆိုရင် 1000 ထိပဲရမယ်နော်..Negative လက်မခံပါဘူး....)
(Member ဆိုရင်တော့ သုံးထားတဲ့ နာရီထက်ပိုပြီးလျှော့လို့မရပါဘူး..13း0 သုံးထားတယ်ဆိုရင် မိနစ်ကိုးဆယ်ထက်ပိုပြီးလျှော့လို့မရပါဘူး)
ကိုယ်လျှော့ချင်တာလျှော့ပြီးရင်တော့ ညာဘက်ထောင့်ဆုံးမှာ close session ကို click လုပ်ပေးလိုက်ပါ...
(လျှော့ပြီးတော့ continue ကို click လုပ်မယ်ဆိုရင် ဘာမှမထူးဘူးနော်)

Cafezee ကို End Task လုပ်တာရယ်...ပြင်ပြီးတဲ့ဖိုင်ကို C:\windows\system32\ ထဲကိုပြန်ထည့်တာရယ်...
Cafezee ကို ပြန် Run တာရယ်ကို 5 စက္ကန့်လောက်အတွင်း လုပ်နိုင်ရင် ပိုကောင်းပါတယ်...Cafezee က Server ကို
5 စက္ကန့်လောက်ကို တစ်ကြိမ် Capture ပြန်ပို့ပါတယ်...(ဒါကတော့ Server ကပေးတဲ့ security နဲ့ဆိုင်ပါတယ်)

Access Password ဘယ်ကရလဲဆိုတော့ Password Recovery Kit နဲ့ကြည့်တာပါ...
အဲဒီထဲမှာ Access Password Recovery ဆိုတာပါပါတယ်.....

အကယ်၍ taskmgr ပိတ်ထားခဲ့ရင် Process Explorer နဲ့ End Process လုပ်ပါ..
Process Explorer download Link ကဒီမှာပါ...
http://www.download.sysinternals.com/Files/ProcessExplorer.zip
Process Explorer သုံးမယ်ဆိုရင် End Process မဟုတ်ပါဘူး..Kill Process ပါ..
End Process မှာ explorer ချင်းမမှားပါစေနဲ့...
windows explorer က [explorer.exe] ပါ
Cafezee က [Explorer .exe] ပါ
အခုမှစလုပ်သူများ အခက်အခဲရှိရင် Taskmgr ထဲက Application ထဲမှာ Explorer ကို Right Click ထောက်ပြီး
Goto Process ကို click လုပ်ပါ..ပြီးရင် သူ Select လုပ်ပေးထားတာကိုပဲ End Process လုပ်ပေးလိုက်ပါ..


အားလုံးအဆင်ပြေကြပါစေ...

Read more...

Wednesday, November 4, 2009

Unlimited Megaupload Download

Megaupload.com ကနေ unlimited ဒေါင်းလုပ်ချတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။ ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ ဒေါင်းလုပ်လင့်က “/?” ဆိုတဲ့နေရာမှာ “/mgr_dl.php?” ဆိုတာလေး ပြောင်းထည့်ပေးလိုက်ယုံပါပဲ။

(ဥပမာ-www.megaupload.com/?d=AROMXHQ2 ဆိုတဲ့နေရာမှာ http://www.megaupload.com/mgr_dl.php?d=AROMXHQ2 ဆိုပြီး ပြောင်းထည့် ပေးလိုက်ယုံပါပဲ။) megaupload ရဲ့ security hole လေး တစ်ခုပေါ့ဗျာ။ ဘယ်အချိန် ထပိတ်မလည်းတော့ မပြောတတ်သေးဘူး။ :P

Read more...

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.