Saturday, December 12, 2009

Windows XP ကို ပိုမိုမြန်ဆန်စေရန် လုပ်နည်း

လုပ်ဆောင်ရန် အမှတ် ၁
မလိုအပ်သော Start-Up Program များကိုပိတ်ခြင်း
ကျွန်တော်တို့ Program တစ်ခုကို Install လုပ်ပြီးတဲ့အခါတိုင်းမှာ တစ်ချို့သော Program များဟာ ကိုယ်စေခိုင်းထားခြင်းမရှိဘဲနဲ့ Windows တက်တာနဲ့ သူလဲလိုက်ပြီး Run ပါတော့တယ်။ အဲဒီလို Program မျိုး ၅ ခုလောက်တင်လိုက်ရင်ပဲ သင့်စက် အတက် သူများစက်နဲ့မတူဘဲ ကြာပါတော့တယ်။
တကယ်လိုအပ်ရင်တော့တစ်မျိုးပေါ့နော်၊ အခု လိုလို မလိုလို အလိုလိုတက်လာတော့ စက်ပိုလေးတော့တာပေါ့။
ဖြုတ်ပုံဖြုတ်နည်းကတော့
၁။ run ကိုခေါ်ပါ ( Windows Key နှင့် R ကိုတွဲနှိပ်၍ ခေါ်နိုင်ပါတယ်)
၂။ msconfig ဟုရိုက်ပါ
၃။ Start Up ဆိုသော Tab ကိုရွေးပါ
၎။ ကိုယ်အသုံးမလိုသော Program များကို အမှန်ခြစ်ဖြုတ်ပေးပါ။ ဥပမာ Gtalk, Yahoo Messenger နှင့် အခြားသော ကိုယ်လိုမှဖွင့် မယ့် Program များပေါ့။ သိပ်တော့စိတ်ပူစရာမရှိပါဘူး၊ Antivirus ကလွဲပြီး ကျန်တာအကုန်ဖြုတ်ပေါ့။ ပြီးရင် Restart ချလိုက်ပေါ့၊ ကိုယ်သုံးမယ့် Program တက်မလာရင် အဲဒါလေးကို ပြန်ပြီး အမှန်ခြစ်ပေးလိုက်ပေါ့နော်။

လုပ်ဆောင်ရန် အမှတ် ၂
Vista ရဲ့ Graphical Effects ကြောင့် စက်လေးစေသလိုပဲ XP ရဲ့ Graphical Effects ကြောင့်စက်ကိုလေးစေပါတယ် (Vista လောက်တော့မဆိုးပါဘူး)။ ဒါကြောင့် XP ရဲ့ Graphical Effects ကို မသိမသာလေး ပိတ်လိုက်ကြရအောင်ဗျာ။
၁။ Control Panel ထဲကိုဝင်ပါ
၂။ System Icon ပေါ်မှာ Double Click လုပ်ပါ
၃။ Advance Tab ကိုရွေး
၎။ Performance Box မှာ Settings ကိုရွေး
၅။ Visual Effects ဆိုတဲ့ Tab မှာ ကျွန်တော် အောက်မှာ ရေးထားတာလေးတွေပဲ ချန်ပြီးတော့ ကျန်တာတွေရဲ့ အမှန်ခြစ်တွေ ဖြုတ်ပေးလိုက်ပါဗျာ (မသိမသာလေး လျှော့တာပေါ့ဗျာနော် )
Show shadows under menus
Show translucent selection rectangle
Use drop shadows for icons labels on the desktop
Use visual styles on windows and buttons
၆။ ပြီးရင် Apply နှိပ်၊ OK ထပ်နှိပ်ပေါ့။

လုပ်ဆောင်ရန် အမှတ် ၃
Speed-Up File Browsing ဟဲဟဲဟဲ
မိတ်ဆွေတို့ My Computer ကို Double Click လုပ်တဲ့ အခါတိုင်းမှာ အနည်းငယ် လေးပြီးမှတက်လာတာကို ကြုံကြမှာပါ ( အလွန် Performance ကောင်းတဲ့ စက်တွေကလွဲလို့ပေါ့)။
ဒါဟာ ဘာကြောင့်လဲဆိုရင် Windows Explorer ကိုမိတ်ဆွေဖွင့်လိုက်တဲ့ အချိန်တိုင်းမှာ Windows XP ဟာ Network Files တွေ Printer တွေကို အလိုအလျောက်ရှာနေလို့ပဲ ဖြစ်ပါတယ်။
၁။ Control Panel ကိုသွား
၂။ Folder Options ကိုရွေး
၃။ View Tab ကိုရွေး
၎။ Automatically search for network folders and
printers ရဲ့အမှန်ခြစ်ကိုဖြုတ်ပေးလိုက်ပါ။
၅။ Apply ပြီးတော့ OK ပြီးရင် စက်ကို Restart လုပ်ပေးလိုက်ပါ။

လုပ်ဆောင်ရန် အမှတ် ၎
Page File Size ကိုလျှော့ချရအောင်နော်
တကယ်လို့ မိတ်ဆွေမှာ 512MB အောက် RAM ပဲရှိတယ်ဆိုရင်တော့ ဒီစာကိုကျော်သွားလိုက်ပါ။
Default အားဖြင့်ဆိုရပါက Page File Size သည် ပုံသေမဟုတ်ပေ၊ Windows သည်လိုအပ်လျှင် လိုအပ်သလို Page File Size ကိုပြောင်းလဲနေသည်။ ထိုသို့ ပြောင်းနေခြင်းကပင် စက်ကိုလေးစေပြန်ပါသည် (Counter Effect လို့ပဲပြောရမလားမသိပါဘူးဗျာ နော် .... )
၁။ My Computer ကို Right Click နှိပ်၍ Properties ကိုသွားပါ
၂။ Advance Tab ကိုသွား၊ Settings ကို Click လုပ်၍ Performance Section အောက်တွင် Advance Tab ကိုထပ်မံ Click လုပ်ပါ
၃။ Virtual Memory အောက်တွင် Change ကိုနှိပ်ပေးပါ
၎။ Drive C ကိုရွေးပေးပါ
၅။ Custom Size ကိုရွေးပါပါအုံးနော်
၆။ Initial Size နှင့် Maximum Size ကို တန်ဖိုးတူအောင် ထားပါ။
၇။ ပြီးတော့ OK ကိုနှိပ်ပေးလိုက်ပေါ့နော်။

Read more...

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.