Tuesday, June 15, 2010

Bios password ပိတ်ခဲ့ရင်

အကိုတစ်ယောက်က bios password ဖွင့်လို့ရတဲ့ software မေးတာတွေ့မိလို့ပါ။ jamper ချိုးရင်ချိုး (mother board ပေါ်မှာ jamper ဆိုတာရှိပါတယ်။board manual မှာကြည့်နိုင်ပါတယ်။) တကယ့်လို့ jamper မသိခဲ့ရင်တော့ board ပေါ်မှာ cmos battery(နာရီဓါတ်ခဲပုံလေး) ကိုဖြုတ်ပြီး power ဖွင့်လိုက်ရင် password reset ဖြစ်သွားပါတယ်။

PC မှာအဆင်ပြေပေမယ့် laptop မှာဆိုရင်တော့တော်တော်လေးကသီမှာပါ။ အောက်မှာဖော်ပြထားတဲ့ key လေးတွေက bios အတွက်master password for all bios ပေါ့ဗျာ။စမ်းကြည့်ပါ။ အဆင်ပြေလောက်ပါတယ်။Casing ကြီးဖွင့်ပြီး battery ဖြုတ်ရတဲ့ဒုက္ခတော့ကင်းတာပေါ့ဗျာ။ အဆင်ပြေနိုင်ကြပါစေ။
System/BIOS Manufacturer Known master passwords
Advanced Integration Advance
AMI BIOS 589589 A.M.I. aammii AM AMI AMI_SW AMI!SW AMI?SW AMI.KEY ami.key AMI.KEZ ami.kez AMI~ AMIAMI AMIDECOD AMIPSWD amipswd AMISETUP bios310 BIOSPASS CMOSPWD helgaßs HEWITT RAND KILLCMOS
AmpTRon Polrty
AST SnuFG5
Award BIOS ?award 013222222 13222222 1EAAh 256256 589589 589721 admin alfarome aLLy aPAf award award_? award.sw award sw award_ps AWARD_PW AWARD_SW AWARD SW awkward BIOS bios* biosstar biostar CONCAT condo CONDO CONDO, djonet efmukl g6PJ h6BB HELGA-S HEWITT RAND HLT j09F j256 j262 j322 j64 lkw peter lkwpeter LKWPETER PASSWORD SER setup SKY_FOX SW_AWARD SWITCHES_SW Sxyz SZYX t0ch20x t0ch88 TTPTHA ttptha TzqF wodj ZAAADA zbaaaca zjaaadc
Biostar Biostar Q54arwms
Compaq Compaq
Concord last
CTX International CTX_123
CyberMax Congress
Daewoo Daewuu
Daytek Daytec
Dell (some) Dell
Digital Equipment (DEC) komprie
Enox xo11nE
Epox cenTRal
Freetech Posterie
Hewlett-Packard (VecTRa) hewlpack
IBM IBM MBIUO merlin sertafu
IWill iwill
Jetway spooml
Joss Technology 57gbzb technolgi
Leading Edge MASTER
M Technology mMmM
MachSpeed sp99dd
Magic-Pro prost
Megastar star
Micron sldkj754 xyzall
Micronics dn_04rjc
Nimble xdfk9874t3
Packard Bell bell9
Phoenix phoenix
QDI QDI
Quantex teX1 xljlbj (or: x1jlbj)
Research Co12ogro2
RM (Server BIOS) RM
Shuttle (Spacewalker) Spacve
Siemens-Nixdorf SKY_FOX
SpeedEasy lesarot1
SuperMicro ksdjfg934t
Tinys tiny
TMC BIGO
Toshiba Toshiba 24Banc81 toshy99
VexTRec VexTRex
Vobis merlin
Zenith 3098z Zenith
ZEOS

zeosx

Read more...

Saturday, May 22, 2010

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်မျာ:

၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့
Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။
၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။
တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။
၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။
ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။
၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့
Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။
၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့
Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။
၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့
Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။
You might also like:

Read more...

Friday, May 14, 2010

ဒီနေရာလေးမှာ downloading site တွေမျှဝေရအောင်ဗျာ

egydown.com/ ( software တော်တော်များများကို downloading sites နဲ့ချိတ်ပေးတယ်။)
filehippo.com ( freeware တွေရှိပါတယ်။တော်တော်လေးကိုကောင်းပါတယ်။)
pendriveapps.com ( portable တွေအတွက်ပါ)
teachtutorials.com
http://portableappz.blogspot.com/ ( ဒါလည်း portable ပါပဲ )
filetube.com ( premium software တော်တော်များများရယူနိုင်ပါတယ် )
megadownload.net ( mega upload ကတင်ရင် mega download ကပြန်ယူမယ် )
rapidlibary.com ( rapid share က software တွေပါ )
4share.com ( သူလည်းတော်တော်စုံတယ် )
http://4megaupload.com/ ( ဒါလည်း mega upload က software တွေပါ )
filefactory.com ( သူလည်းမိုက်ပါတယ်။ )
rapid8.com ( rapid share က file တွေအလကားယူလို့ရတယ်နော် )
http://www.oldapps.com/ ( ဒါကတော့ old software တွေအတွက်ပါ ။ )
softpedia.com (ဒါကလည်းတော်တော်စုံတယ်နော် )

ဒါတွေက full version တွေရပါတယ်။ဒါပေမဲ့ ban ထားတော့ကျော်ဝင်မှရမယ်ဗျ။ ကျော်ဖို့အတွက် https://www.polysolve.com
dl4all.com
katz.cd
softarchive.net
downarchive.com
centralddl.com
softlinkers.org

နောက်ထပ် freeware လေးတွေပါ။
http://www.bjb-inc.com/products.asp (Remove on boot Shell Extension)
http://www.geekcorp.com/products.php
http://www.nirsoft.net/
http://www.bullzip.com/

Read more...

Friday, March 19, 2010

ကောသလမင်း အိပ်မက် ၁၆ ချက်

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

Read more...

Tuesday, March 16, 2010

Mozilla Firefox ရဲ့ Web Page Loading မြန်အောင်

https://addons.mozilla.org/en-US/firefox/addon/327
ကို ဒေါင်းပြီး Mozilla Firefox မှာတင်လိုက်။
ပြီး Tool > Tweak Network Setting မှာ
Profile ကို Power ရွေးပြီး Apply လုပ်လိုက်။
Web Page Loading မြန်သွားလိမ့်မယ်။

Read more...

Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။
XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ…။
အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။
ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။
ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>
Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။
ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok ပေးလိုက်ပါ ..။
ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။
နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။
HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..
ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်
HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 200 လို့ပြောင်းပေးလိုက်ပါ..။
ကျနော်ကတော့ 200 လို့ပဲပြောင်းထားပါတယ်..။
နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ…။
တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

Read more...

Monday, February 8, 2010

loginbox Social Network.

ဒီစာကို Select ပေးပြီးရေးပါ...

Read more...

Saturday, February 6, 2010

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D

Read more...

websites links

တေးဂီတဆိုင်ရာ website များ
1. http://beemp3.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
2. www.bamarlay.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
3. www.irazoo.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
4. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
5. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
6. http://music.all-channel.com ((မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
7. www.alinyaung.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
8. www.flashband.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
9. www.myanmar-music.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
10. http://myanmarmp3album.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်)
11. www.emusic.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
12. www.thewiplist.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
13. www.mp3raid.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
14. www.pansagar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
15. www.airmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
16. www.thanakha.com
17. www.innwa.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
18. www.nyakabyar.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
19. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
20. www.ainmat.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
21. www.lotaya.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
22. www.myanmarmusiconline.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)
23. http://myanmarmp3.net
24. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်)

အခမဲ့ရနိုင်သော E-mail များ

1. www.emailaccount.com (Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်)
2. www.gawab.com (Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail ဖြစ်သည်)
3. www.inbox.com (သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)
4. www.hotmail.com (Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)
5. www.mail.com (အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကိုရရှိသုံးစွဲနိုင်သည်)
6. www.myway.com (အလှဆုံးသောပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှု ဖြစ်သည်)
7. www.dora.com (၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)
8. http://mail.yahoo.com (အတန်အသင့် နာမည်ရှိသော yahoo mail ဖြစ်သည်)
9. www.eudora.com (နာမည်တော့ရှိပါတယ် မြန်မာပရိသတ်နည်းပါတယ်)
10. www.30gigs.net (အခမဲ့ 30GB ရရှိနိုင်သော မေးလ် ၀န်ဆောင်မှုဖြစ်သည်)



ကျွန်တော်တို့ မြန်မာပရိသတ်တွေဟာ တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။
ဒါပေမယ် အခြားရှာဖွေရေးအင်ဂျင်အသစ်တွေပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။ တစ်ချို့ ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊ အချို့ဆိုရင် သာတယ်လို့တောင်ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……
1. www.goodsearch.com
2. www.kumo.com
3. www.WolframAlpha.com
4. www.clusty.com
5. www.dogpile.com
6. www.bing.com
7. www.altavista.com
8. www.ask.com
9. www.lycos.com
10. www.webcrawler.com
11. www.cuil.com
12. www.yahoo.com
13. www.ixquick.com
14. www.msn.com
15. www.alltheweb.com
16. www.excite.com
စသည်တို့ပဲဖြစ်ပါတယ်
စမ်းသပ်သုံးစွဲကြည့်ကြပါလို့ အကြံပြုပါရစေ။

ကွန်ပျူတာပညာရပ်များ

1. www.thelinuxlab.net
www.lpi.org (Linux စနစ်ကိုလေ့လာနိုင်ရန်ဖြစ်သည်။ စာမေးပွဲများ အကြောင်းလည်ပါရှိသည်)
2. www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်)
3. www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်)
4. www.asia-oss.net (Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင်သည်)
5. www.databasejournal.com (Database သီးသန့်စုစည်းထားသည်။ အလွယ်တကူသင်ယူနိုင်သည်)
6. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်)
7. www.fstutorials.com
www.psdfreebee.com (Photoshop နည်းပညာကို စလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်)
8. www.educational-software.com (ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်သည်)
9. www.educationalsoftware.co.uk (ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်)
10. www.okino.com (ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်)

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ
1. www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
2. www.shareme.com (ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာရရှိနိုင်သည်)
3. www.learningpage.com (ဘာသာရပ်အတော်စုံပါသည်။ လူလတ်ပိုင်းများလေ့လာသင့်သည်)
4. www.myanmarnlp.org.mm ( အင်္ဂလိပ်မှ မြန်မာသို ဘာသာပြန်ဆိုနိုင်သည့် ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ ရယူနိုင်သည်)
5. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)
6. www.commerce-database.com (စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော အဘိဓါန်ဖြစ်သည်)
7. www.computerweekly.com (နည်းပညာဆိုင်ရာ သတင်းစုံဖော်ပြထားသည်)
8. http://knowfree.net (စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်)
9. www.fixya.com ( အလွန်ကောင်းပါသည် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက်ပြင်ဆင်နည်း၊ အသုံးပြုနည်းများ အတော်စုံလင်ပါသည်)
10. www.universalclass.com (အွန်လိုင်းပေါ်မှ အဝေးရောက်သင်ယူနိုင်သောတက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့် တိုက်ရိုက်သင်ယူနိုင်သည်)
11. www.houseofplant.co.uk (အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်)

Read more...

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.