Sunday, February 22, 2009

Gtalk Shortcut များ

Gtalk ကိုဒီအတိုင်း သုံးနေမဲ့အစား ဒီလိုမြန်မြန်ဆန်ဆန်ဖြစ်အောင် သုံးမယ်ဆိုရင်ကော .....

၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။

ကဲကဲ ...... သိထားသူတွေရှိရင် ပြုံးသွားနော် ။ မသိသေးရင်တော့ မှတ်လိုက် ။ မြန်တယ်နော့် ။ အဆင်ပြေရင် ကျေးဇူးတင် ။ မပြေရင်တော့ အဟဲ ..... စိတ်ထဲကသာ ကြိတ်ဆဲလိုက်ပါဗျာ ။

(ကိုရဲ)

0 comments:

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.