Friday, March 20, 2009

နေရစ်ခဲ့ပေတော့  assess has been denied ရေ…..။

ကျနော်တို့ ပြည်တွင်းက အင်တာနက် သုံးစွဲသူများ အမြင်ကပ် တဲ့ စကားလုံးပါ….။ မြန်မာပြည်တွင်းကနေ BLOG များ နှင့် ၀က်ဆိုဒ်များ ကို ယခုအချိန်မှာ အလွယ်တကူဝင်ကြည့်လို မရတော့ ပါဘူး…။ ယခုသုံးစွဲနေတဲ့  Your Freedom က အလွန်နှေးပါတယ်….။ အဲဒီဆော့ဝဲ ကလဲ အများအားဖြင့် ဆိုင်တွေမှာက FULL VISION မဟုတ်တဲ့အတွက် မြန်နှုံး ကိုလျှော့ထားတာပါ…။ အရင်ထဲကမကောင်းတဲ့ ကွန်နရှင် ကို မြန်နှုန်းထပ်လျှော့ ခံလိုက်ရတော့  သုံးစွဲသူတွေ ရဲ့အပိုင်းမှာ အချိန်အတော်ပေးရတဲ့အတွက် တဖြည်းဖြည်းနဲ့ ပြည်ပကလွှင့်တင်ထားတဲ့ မြန်မာဘလော့  များ ကိုဝ်ငရောက်ကြည့် ရှု့ သူအတော် နည်းပါးလာပါတယ်….။ အဲဒီတော့  ပထမအနေနဲ့ ကျနော် ပြည်ပက ဘလော့ ဂါတွေကို မိမိတို့ ရဲ့ ဘလော့များကို ပြည်တွင်းက ၀င်ရောက်ကြည့် ရှု့ နိုင်မယ့် လိပ်စာများနဲ့ ချိတ်ဆက်ပေးဖို့ ပြီးခဲ့တဲ့အပါတ်က ပို့ စ်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်….။ ဒါပေမယ့်လဲ ဘလော့  တိုင်းလိုလိုပြောင်းလဲပေးခဲ့ခြင်းမရှိပါဘူး…။ အားမနာတမ်းပြောရ ရင် ပြည်ပက မြန်မာဘလော့ဂါတွေဟာ ပြည်တွင်းက အင်တာနက် သုံးစွဲ သူများကို အလေးမထားတဲ့သဘော သက်ရောက်နေပါတယ်…။ မိမိတို့ ရဲ့ဘလော့  မှာ ဖော်ပြလိုက်တဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု့ ရေးစတဲ့သတင်းတွေ ကိုပြည်ပရောက်ရှိနေတဲ့ ကိုရွှေမြန်မာတွေတင်မဟုတ်ပဲ ပြည်တွင်းက မြန်မာပြည်သူတွေ အတွက် အဓိက ထားပြီး တင်ဆက် စေချင်ပါတယ်….။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းက ပြည်သူတွေ က စစ်မှန်တဲ့သတင်းတွေ ကို မရရှိကြလေအောင် နည်းအမျိုးမျိုး နဲ့ပိတ်ဆို့  ခံထားရလို့ ပါ…။

ယခုကျနော့်ရဲ့ ပြည်တွင်းက မိတ်ဆွေတဦး ညွှန်ပြလိုက်တဲ့နည်းလေးကတော်တော်လေးအဆင်ပြေလို့  ပြည်တွင်းက အင်တာနက်သုံးစွဲသူများအတွက် assess has been denied ရဲ့ဘေးကလွတ်ကင်းပြီး မိမိကြိုက်နှစ်သက်ရာ RSS ပါရှိတဲ့အင်တာနက် စာမျက်နှာများ ၊ ဘလော့များ ကို မိမိရဲ့ အီးမေး ကနေတဆင့်  အလိုအလျှောက်စနစ်ဖြင့် မှာယူ ဖတ်ရှု့  နိုင်ဖို့ အတွက် နည်းလမ်းလေးတခု လက်ဆင့် ကမ်းလိုက်ပါတယ်…။
ပထမဆုံး အဆင့်အနေ နဲ့ www.google.com ကိုဖွင့်လိုက်ပါ…။ ထို့  နောက် ပုံ ( ၁ ) မှာပြထားသည့် အတိုင်း MORE ဆိုတဲ့နေရာကိုကလစ်နှိပ်ပါ ( ၁ )…ပြီးလျှင် အောက်သို့စာတန်းများဆက်လက် ကျလာသောအခါတွင် Reader ( ၂ ) ကို ကလစ်နှိပ်ပါ…ပြီးလျှင် ခေတ္တစောင့် ဆိုင်းပြီး google reader page ကိုရောက်လာပါလိမ့်မယ်…။
- ပုံမှာပါတဲ့အတိုင်း Remember me……. ဆိုတဲ့နေရာမှာကလစ်ကလေးပါလာခဲ့လျှင် ဖြုတ်ပစ်လိုက် ပါ…။ ထို့နောက် မိမိရဲ့ အီးမေး အကောင့် နဲ့ မိမိ password ကိုဖြည့်ပြီး sing in ၀င်လိုက်ပါက မိမိရဲ့ ကိုယ်ပိုင် google reader စာမျက်ပေါ်လာပါလိမ့်မယ်…။
- မြှားအနီပြထားတဲ့ ( ၃ )နေရာမှာတော့  မိမိ ရဲ့ အကောင့်ပေါ်နေမှာပါ..ပြီးလျှင် ( ၄ )မှာပြထားတဲ့
- Add a asubscription စာတန်းအောက်မှာရှိတဲ့ BOX ထဲမှာ မိမိဖတ်ရှု့လိုတဲ့ ဘလော့ များ ၊ သတင်းဝက်ဆိုက်များရဲ့လိပ်စာ ကိုရိုက်ထည့် လိုက်ပါ…။ ဥပမာဆိုပါစို့ BOX ထဲမှာ www.freeforcountry.co.cc ကိုရိုက်ထဲ့ပြီး ၎င်း BOX ရဲ့ဘေး မှာရှိတဲ့ ADD ကိုနှိပ်လိုက်ပါ…။ ပြီးနောက်ခေတ္တစောင့်ဆိုင်းလိုက်ပါက HOME BOX မှာ မိမိရိုက်ထည့် လိုက်သည့်  လိပ်စာမှ နောက်ဆုံးတင်ထားသည့် အကြောင်းအရာများကိုစတင်မြင်တွေရမည်ဖြစ်ပြီး….Subscriptions ဆိုတဲ့ စာတန်းရဲ့အောက်မှာတော့  RSS သင်္ကေတ လေးနှင့် အတူ မိမိမှာယူလိုက်တဲ့လိပ်စာ ရဲ့ခေါင်းစဉ်ကို မြင်တွေရမှာ ဖြစ်ပါတယ်…။

- လိပ်စာများထပ်မံထည့် လိုပါက Add a subscription အောက် ရှိ BOX မှာ ရိုက်ထည့်  ပြီး ဖော်ပြထား ခဲ့သလို ပဲ အဆင့် ဆင့်  ထပ်မံဖြည့်စွက်လိုက်နိုင်ပါတယ်…။

- လိုချင်သည့် လိပ်စာများအား ထည့်  သွင်းပြီးစီးသည့်အခါတွင် အချို့ လိပ်စာများတွင် ( Bold ) ပြထားပြီး ၊ အချို့ လိပ်စာများ ကိုတော့ ဖော် ပြမထားတာတွေ့ ရပါလိမ့် မည်..။ (Bold )ပြထား သောလိပ်စာ များသည် မကြာမီအချိန်က ပို့ စ် အသစ်တင်ထားကြောင်းသိသာစေရန် ဖော်ပြထား ခြင်းဖြစ်ပါသည်…။

- မိမိ ၏ မိတ်ဆွေများအား ဖတ်ရှု့စေလိုပါက လည်း Start sharing ကိုကလစ်နှိပ်ပြီး ပေါ်လာသော မိမိမိတ်ဆွေများအားလဲ မိမိသဘောအတိုင်း ပေးဝေ ဖတ်ရှု့ နိုင်ပါကြောင်းတင်ပြလိုက်ရင်း.ကျနော်တို့  မုန်းတဲ့ assess has been denied ဆိုသည်စာတန်းအား အတိတ်မှာထားခဲ့နိုင်ပါပြီခင်ဗျာ….။
နတ်သဘင်ကသူငယ်ချင်းတစ်ယောက်တင်ထားတာပါ သဘာပတိတဲ့ အားလုံးသိအောင်ပြန်မျှတာပါ

Posted by Castor

0 comments:

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.