Wednesday, April 15, 2009

တက်လိုက်ကျလိုက်ဖြစ်နေတဲ့ Internet Connection ကို ဆော့ဝဲလ်လေး သုံးပြီးထိန်းကြည့် ရအောင်

Speed Connect Internet Accelerator 7.5

မနက်ဖြန်မှာ ကျရောက်မဲ့ နှစ်သစ်အခါ သမယနဲ့ အတူ အိမ်တွင်းပုန်းပြီး ကွန်ပြူတာလေ့လာမယ်ဆိုတဲ့  သူငယ်ချင်းလေးများအတွက် ဆော့ ဝဲလ်ကောင်းလေး တစ်ခု အချိန်မှီ ဝေမျှလိုက်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဒေါင်းပြီး အသုံးပြုပုံလေးကို ကြည့်လိုက်နော်။Connection အတွက် Internet Tool တွေ အများကြီး သုံးခဲ့ဘူးတယ်။ သိသိသာသာ ကောင်းလာမှာ မဟုတ်ဘူးဆိုတာတော့ သိပါတယ်။ ဘာလို့လဲ ဆိုတော့ Connection ဆိုတာက Software နဲ့ ဘယ်လောက်များ ကယ်နိုင်မှာမို့လဲ ။ဒါပေမယ့် တက်လိုက်ကျလိုက်နဲ့ Time out ခဏခဏ ဖြစ်နေတာကိုတော့ ထိန်းပေးနိုင်တယ်ဆိုရင်တော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရမယ်လေ။ အရင်ထဲက သူငယ်ချင်းတွေ တောင်းလို့ Proxie Fire ကို ပေးသုံးကြည့်ဘူးတယ်။ Wifi နဲ့ကျတော့ အဲဒါတွေ လိုတယ်လေ။ အခုလည်း နိုင်ငံခြား ဖုန်းခေါ်ဖို့အတွက် Yahoo ကိုသုံးပါတယ်။ ကွန်က မငြိမ်တော့ ကြီးကျယ်တဲ့ yahoo က ခဏခဏ Sign out ဖြစ်ဖြစ်သွားတယ်လေ။ ဒီကောင်လေးကတော့ Connection အရမ်းကြီးကောင်းမလာရင်တောင် ငြိမ်အောင်တော့ ထိန်းပေးနိုင်ပါလိမ့်မယ်ထင်တယ်။အခုလို ရေးတယ်ဆိုရင်တော့ နားလည်မယ် ထင်ပါတယ်။Full Version ဖြစ်အောာင် လုပ်နည်းနဲ့ သုံးနည်းကိုလည်း ရေးပေးထားပါတယ်။ အောက်မှာ ဆွဲလိုက်ပါဦးဗျာ ....
ကျနော် ပြောဖို့ ကျန်ခဲ့တယ်။ ဒီ software ကို သုံးဖို့ Netframe 2.0 နှင့်အထက် လိုပါတယ်။ တကယ်လို့ netframe run ပြီးသားဖြစ်မနေခဲ့ရင် ဒီ software သုံးရမှာ မဟုတ်ပါဘူး။
Netframe 2.0 ကို အောက်ကလင့် မှာ ဒေါင်းနိုင်ပါတယ်။

http://www.microsoft.com/downloads/details.aspx?familyid=0856eacb-4...

ဒေါင်းပြီးရင် run လိုက် ။ Finish နှိပ်ပြီးပြီး ဆိုရင် ဒေါင်းထားတဲ့ ဖိုင်ထဲက Path ဆိုတဲ့ Folder ကို ဖွင့်။ Crack နှစ်ခုရှိတယ်။ နှစ်ခုလုံးကို copy ကူး မိမိ install လုပ်ထားတဲ့နေရာမှာ paste လုပ်ပေးလိုက်ပါ။ (C:\ မှာ windows တင်ထားတယ် Install လုပ်တုန်းကလည်း သူ့ program အတိုင်းပဲ run လိုက်တယ် ဆိုရင်တော့ အောက်က နေရာမှာပဲ ရှိမှာပါ)

C:\Program Files\CBS Software\SpeedConnect Internet Accelerator

အောက်ကအတိုင်း Replace Confirm ပြရပါလိမ့်မယ်။ (မပြရင် နေရာမှားလို့နော်)

ပြီးရင် All programs က SpeedConnect Internet Accelerator ကိုနှိပ်ပေးလိုက်။

tray icon က task bar မှာပေါ်လာလိမ့်မယ်။ Right click လုပ်ပြီး Options ကို နှိပ်လိုက်ပါ။

ပေါ်လာတဲ့ options box က Active မဖြစ်သေးတဲ့ ညာဘက်က SpeedConnect Internet Accelerator ကို နှိပ်ပေးလိုက်။

ကီးတောင်းလိမ့်မယ်။ အဲဒီကီးအတွက် keygen ဆိုတဲ့ folder ထဲက keygen ကို run လိုက်။ email နေရာမှာ ကြိုက်တဲ့လိပ်စာတစ်ခုကို ထည့်ပြီး Generate ကို နှိပ်လိုက်ရင် ကီးတွေ ပေါ်လာလိမ့်မယ်။

email ကိုရော ကီးတွေကိုရော အောက်ပါအတိုင်း ဖြည့်ပေးလိုက်ပါ။ ပြီးရင် Continue ကို နှိပ်ပါ။

အောက်ပါအတိုင်း massage box ပေါ်မယ်။ ok နှိပ်လိုက်။

Connection Optimize မဖြစ်သေးဘူးဆိုတဲ့ အကြောင်း ပြောလိမ့်မယ်။

Tool & Wizard ဆိုတဲ့ tab ထဲက SpeedConnect wizard ကို နှိပ်ပေးလိုက်။ (အခု လုပ်မှာက မိမိသုံးနေတဲ့ connection ကိုရွေးပေးဖို့ပါ။ မလုပ်ပေးရင်လည်းရပါတယ်)

ကြည့်ရင်သဘောပေါက်မှာပါနော်။ မိမိသုံးနေတဲ့ connection အမျိုးအစားကို ရွေးပြီးရင် မိမိရဲ့ Netword card ကို ရွေးပေးလိုက်ပါ။

Optimize ကို နှိပ်ပေးလိုက်ပါ။

Data တွေ ပြပါလိမ့်မယ်။ Apply Change ကို ဆက်နှိပ်ပေးလိုက်။ restart ပေးဖို့ လိုတဲ့အကြောင်း သတင်းပို့ပါတယ်။ Ok နှိပ်။ Exit နှိပ်ဖို့ ခလုပ်မှာ အချက်ပြနေလိမ့်မယ်။ Exit ပေးလိုက်ပါ။ သူ့ဘာသာ Restart မလုပ်ပါဘူး။ မိမိကိုယ်တိုင် လုပ်ပေးရမှာပါ။ ချက်ခြင်း မလုပ်ပေးလဲ ရပါတယ်။ ဒါပေမယ့် ခုနက ပြောင်းလိုက်တဲ့ setting က restart လုပ်ပြီးမှ ပြောင်းပါလိမ့်မယ်။

ကျန်တာတော့ ဘာမှ လုပ်ပေးနေစရာမလိုတော့ပါဘူး။ ခုနက အတိုင်း task bar ရဲ့ tray icon မှာ Show network Activity ကို နှိပ်ပေးလိုက်ရင် connection spectrum လေးတွေပြနေပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။
ကျွန်တော်သူငယ်ချင်း တစ်ယောက်ဆီမှ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးခြင်းသာဖြစ်ပါသည်။
မူရင်းကိုကြည့်ရူလိုလျှင် http://thanlonengal.co.cc/ မှာ ကြည့်ရူနိုင်ပါသည်။ကွန်ပြူတာ အသိပညာ တိုးတက်စေရန် ရည်ရွယ်ပြီး ဒီပို့လေးတင်ပေးရခြင်းဖြစ်ပါသည်။(ပို့စ်လေးကိုဖတ်ရူရင်း ဗဟုသုတ ရရှိနိုင်ကြပါစေဗျာ။)
တခြားသူကိုပြရန်
Attachments:

0 comments:

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.