Monday, November 26, 2012

Windows ပေါ်က Lock ဖြစ်နေတဲ့ ဖိုင်တွေကို ဘယ်လိုဖျက်ကြမလဲ

Windows အသုံးပြုသူတွေ Windows ပေါ်မှာ ဖိုင်အချို့ မပြည့်စုံတော့မှုကြောင့်သော်လည်းကောင်း သို့မဟုတ် Background Process မှာ Run နေတဲ့ဖိုင်အချို့ကို ဖျက်ပစ်ချင်တဲ့အခါမှာ Lock ဖိုင်များ ဖြစ်သွားတဲ့အတွက် ဖျက်ပစ်လို့မရတာမျိုးကို ကြုံရမှာဖြစ်ပါတယ်။ Lock ဖြစ်သွားတဲ့ ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေအတွက် အလွယ်တကူနဲ့ဖျက်နိုင်အောင် အသုံးပြုရမယ့် Tool များစွာရှိပါတယ်။ယခုတစ်ပတ်မှာတော့ Windows ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် Lock ဖြစ်နေတဲ့ဖိုင်တွေကို ဖျက်ချင်သူတွေအတွက် ဘယ်လိုဖျက်ရမယ်ဆိုတာကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။ Unlocker ဆိုတဲ့ Application ကို www.emptyloop.com/unlocker/ ဆိုတဲ့ဝက်ဘ်ဆိုက်မှာ အရင်ဦးဆုံး Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Unlocker ကို Download ပြုလုပ်ပြီးပြီဆိုရင် အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ Install ပြုလုပ်ပြီးပြီဆိုရင် သင်ဖျက်ချင်တဲ့ဖိုင်ကို Right Click နှိပ်ရမှာဖြစ်ပါတယ်။ Right Click ပြုလုပ်ပြီးပြီဆိုရင် Unlocker ဆိုတာကို Popup Menu မှာ တွေ့ရမှာဖြစ်ပါတယ်။ Popup မှာပါတဲ့ Unlocker ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Unlocker ဆိုတာကို ရွေးချယ်လိုက်ရင် Process List ကိုဖော်ပြပေးမယ့် Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ သက်ဆိုင်ရာ Application ကို အရင်ဆုံး Unlock ပြုလုပ်ရမှာဖြစ်ပါတယ်။ Unlock ပြုလုပ်ရာမှာလည်း Application တွေအကုန်လုံးကို Unlock ပြုလုပ်မလား၊ တစ်ခုချင်းစီကို Unlock ပြုလုပ်မလားဆိုတာ ရွေးချယ်နိုင်မှာဖြစ်သလို၊ Processor အတွင်းမှာ Run နေတဲ့ Application တွေကိုလည်း Kill Process ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးပြီဆိုရင်တော့ သင်ဖျက်ချင်တဲ့ဖိုင်ကို Delete Key နှိပ်ပြီး အလွယ်တကူနဲ့ ဖျက်ပစ်နိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်နည်းတစ်မျိုးကတော့ Process Explorer ဆိုတဲ့ Tool ကိုအသုံးပြုပြီး ဖျက်ပစ်ခြင်းပဲဖြစ်ပါတယ်။ Processor Explorer ကို http://technet.microsoft.com/enca/sysinternals/bb896653.aspx ဆိုတဲ့ ၀က်ဘ်ဆိုက်လိပ်စာမှာ ရယူနိုင်မှာဖြစ်ပါတယ်။ Process Explorer ကို Install ပြုလုပ်ပြီးပြီဆိုရင် File ထဲက Show Detail For All Process ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Show Detail For All Process ကိုရွေးချယ်ပြီးရင် သင်ဖျက်မယ့်ဖိုင်နဲ့ သက်ဆိုင်တဲ့ Application ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ပြီးပြီဆိုရင် ဖိုင် ကို Select မှတ်ပြီး Right Click နှိပ်ရမှာဖြစ်ပါတယ်။ ပြီးရင် Close Handle ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင်ဖျက်ချင်တဲ့ဖိုင်ကို Delete Key နှိပ်ပြီး ဖျက်နိုင်မှာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။ Lock ဖိုင်တွေကို ဖျက်ပစ်တဲ့ Tool တွေကို ရယူဖို့ အခက်အခဲရှိသူတွေအတွက် ပထမဆုံးကွန်ပျူတာကို Restart ချရမှာ ဖြစ်ပါတယ်။ စက်ပြန်တက်လာရင် F8 Key ကိုနှိပ်ပြီး Safe Mode ကနေ Windows ကိုတက်ရမှာဖြစ်ပါတယ်။ Safe Mode နဲ့တက်ပြီဆိုရင် သင်ဖျက်ချင်တဲ့ဖိုင်ကို Select မှတ်ပြီး အလွယ်တကူ ဖျက်နိုင်မှာဖြစ်ပါတယ်။

0 comments:

Followers

မင်္ဂလာအပေါင်းနှင့် ပြည့် စုံကြပါစေ။

  ©Design by Aung Khaing Phyo.